Part-16(Uni)

1.4K 126 3
                                    

မီးပန်းဖောက်တာလည်းကြည့်ပြီးပြီ ၊ နှစ်သစ်ကိုလည်းကြိုဆိုပြီးပြီဆိုတော့ နွေးနေခြည်နဲ့ ၀င့်ဖူးသဇင်တို့နှစ်ယောက်လည်း အခန်းထဲကိုပြန်၀င်လာကြသည်။

အခန်းထဲ၀င်လိုက်တာနဲ့ မိမိကုတင်ပေါ်မှာ နေရာအပြည့်ယူရင်း အိပ်ပျော်နေတဲ့ ပြည့်သိင်္ဂီ ကြောင့် နွေးနေခြည်ခမျာ အိပ်ဖို့ရန် နေရာပျောက်နေ၏။

"နွေး,,,ဒီညငါ့ကုတင်မှာအိပ်လေ"

"ဟင်,,,ဒါဆို ဇင်ကရော ဘယ်မှာအိပ်မလို့လဲ?"

"ဘယ်မှာ အိပ်ရမှာလဲ,,,ငါတို့နှစ်ယောက်အတူတူအိပ်လို့ရတာဘဲလေ နွေးရဲ့"

"ဇင်,,ဇင်နဲ့အတူတူ အိပ်ရမှာ"

*ပြောလို့လွယ်လိုက်တာ ဇင်ရယ်..တောင်ကြီးအိမ်က ကုတင်အကျယ်ကြီးမှာတောင် ဇင်နဲ့အိပ်တဲ့အချိန် တစ်ညလုံးအိပ်လို့မပျော်နိုင်တာ။ ဒီလိုမျိုး တစ်ယောက်အိပ်သီးသန့်ကုတင်မှာ ဇင်နဲ့အတူအိပ်ရမယ်ဆိုရင်တော့ သေချာပါတယ်။ အိပ်မပျော်နိုင်တဲ့အပြင် နှလုံးရောဂါတစ်ခုပါ ကျွန်မမှာ အဆစ်ရသွားမှာလေ။

အင်းပေါ့....တစ်ဖက်သတ်ချစ်နေရတဲ့သူက ကျွန်မဖြစ်ပြီး ဘာမှမခံစားရတဲ့သူက ဇင်ဆိုတော့လည်း ဒီလိုမျိုးပြောမှာပေါ့။ ကျွန်မကသာ ဒီစိတ်နဲ့ ကြာရင်ရူးတော့မှာမလား။

"နွေး...ဘာလို့အဲ့မှာရပ်နေတာလဲ။ဒီညမအိပ်တော့ဘူးလား"

*အာ..ကျွန်မအတွေးလွန်နေတာ ဇင်က ဘယ်အချိန် ကုတင်ပေါ်တက်ပြီး စောင်ခြုံထားမှန်းတောင် ကျွန်မမသိလိုက်ဘူး။

ဟူးစ်..ဒီအခြေအနေရောက်မှတော့ ဘယ်လိုမှလုပ်လို့မရတော့ဘူး...ရင်တုန်ပြီး နှလုံးရောဂါရလည်း ဇင်နဲ့အတူတူအိပ်မှရတော့မယ်လေ။

"ဒီဘက်ကိုတိုးလေ နွေး...တော်ကြာ အစွန်းနားတအားရောက်လို့ပြုတ်ကျနေဦးမယ်"

"ရ..ရပါတယ်။မပြုတ်ကျပါဘူး"

"ဟယ်..ပြောကာမှ ဟိုဘက်ကိုထပ်တိုးသွားပြန်ပြီ...နွေးနဲ့တော့ ဒုက္ခပါဘဲ အခုမှ တကယ်ပြုတ်ကျတော့မယ်"

ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ဇင့်နဲ့လုံး၀ကပ်မအိပ်ရဲဘဲ ကုတင်ထောင့်နားကိုသာကပ်နေတဲ့ ကျွန်မကို ဇင်ကပြောရင်းနဲ့ စိတ်မရှည်တော့ဘူးထင်ပါရဲ့။

One and onlyWhere stories live. Discover now