Part-5(Uni)

1.8K 141 0
                                    

နည်းပညာတက္ကသိုလ်(တောင်ကြီး) ဆိုသည့် စာလုံးကြီးကြီးတို့ကို ၀င့်ဖူးသဇင်လှမ်းမြင်နေရပေ မယ့် တကယ်တမ်းမှာတော့ သူမဟာ တက္ကသိုလ်ကျောင်း၀င်းထဲသို့ပင် ခြေတစ်လှမ်းမ၀င်ရ သေးဘဲ အဆောင်ရှေ့မှာတင်ရှိပါသေးသည်။

အကြောင်းအရင်းကတော့ အမြဲတစေ ပြုံးရွှင်သည့်မျက်နှာထားပိုင်ရှင်ဖြစ်တဲ့ နွေးနေခြည်ဆို သည့် ကောင်မလေး၏သူငယ်ချင်းဖြစ်သူကိုစောင့်နေကြရလို့ပါဘဲ။

"ဇင် ...ခဏလေးနော်...ပြည့်က အခုလာနေပြီတဲ့"

"အွမ်း"

သူမတွေ့ချင်နေခဲ့သည့် ကောင်မလေးဖြစ်တဲ့ ဇင်နဲ့ ပြည့်သိင်္ဂီကို မိတ်ဆက်ပေးမလို့လုပ်ထားကာ မှ ငတိမက ကျောင်းသွားမယ့်အချိန်ထက် ဆယ့်ငါးမိနစ်လောက်နောက်ကျနေတဲ့အတွက် နွေးနေခြည်စိတ်မရှည်စွာ လည်တဆန့်ဆန့်ဖြစ်နေ၏။

"အမလေး...မောလိုက်တာ....ပြေးလာရတာ အသက်တောင်ထွက်သွားပြီလားလို့"

ထဘီစကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း နွေးနေခြည်တို့ရှိရာသို့ အမောတကော ပြေးလာသည့် ပြည့်သိင်္ဂီ။

မနက်စောစော၌ ဟောဟဲဆိုက်၍ ချွေးပြိုက်ပြိုက်ကျနေသည့် ပြည့်သိင်္ဂီရဲ့ပုံစံကြောင့်....

"ငပြည့်...နင့်အဆောင်နဲ့ငါ့အဆောင်က တစ်လမ်းလေးဘဲခြားတာကို နင့်ပုံစံကဘယ်လိုဖြစ်တာလဲ...မသိရင် တောင်ကြီးကနေ အေးသာယာထိ ပြေးလာတဲ့ဒီဇိုင်းနဲ့"

နွေးနေခြည်ရဲ့အမေးကို ပြည့်သိင်္ဂီကတော့ မဖြေနိုင်သေးသလို လက်တကာကာနှင့် အသက်ကိုသာမှန်မှန်ပြန်ရှူနေ၏။

"ရေသောက်မလား..ငါ့မှာရေဘူးပါတယ်"

ကိုယ်နဲ့မသိပေမယ့်လည်း နွေးနေခြည်ရဲ့သူငယ်ချင်းဖြစ်သူရဲ့ပုံက အရမ်းကိုမောဟိုက်နေသည့် အတွက် လွယ်အိတ်ထဲက ရေဘူးကိုထုတ်ရင်း ၀င့်ဖူးသဇင်မေးလိုက်၏။

"ကျေးဇူး...ငါပြေးလာရလို့ရေအရမ်းဆာနေတာ"

မောနေတဲ့အရှိန်နဲ့ဆိုတော့ ပြည့်သိင်္ဂီလည်း ကျေးဇူးလို့သာပြောလိုက်ရတာ ကိုယ့်ကိုရေတိုက်တဲ့သူကိုတောင် သေချာမကြည့်အားဘဲ ရေဘူးကိုလှမ်းယူရင်း ရေကိုသာ အငမ်းမရအရင်သောက်နေ၏။

One and onlyWhere stories live. Discover now