ဆေးရုံတစ်ခု၏ ဗီအိုင်ပီအခန်းထဲ၌ ငြိမ်သက်စွာ လဲလျောင်းနေသည့် အသက် ခုနှစ်ဆယ်အရွယ် အဘွားအိုတစ်ဦး၊
ထိုအဘွားအိုရဲ့ဘေးနားမှာတော့ အဘွားအိုရဲ့လက်ကိုဆုပ်ကိုင်ပြီး အိပ်ပျော်နေသည့် ကောင်မလေးတစ်ယောက်ရှိနေပါတယ်။
"မြေးလေး,,,"
အဘွားအိုရဲ့နှုတ်မှထွက်လာသည့် အက်ကွဲရှတသောအသံကြောင့် အိပ်ပျော်နေတဲ့ ကောင်မလေးလည်း ရုတ်တရက်နိုးလာခဲ့ပါတယ်။
"အဘွား,,,အဘွား သတိရလာပြီ"
"တကယ်ဘဲ,,,အဘွားရဲ့မြေးလေးလား? အဘွား စိတ်ထင်နေတာတော့ မဟုတ်ပါဘူးနော်"
"အဘွား,,,စိတ်ထင်နေတာလုံး၀မဟုတ်ပါဘူးရှင်,,,,,"
ကောင်မလေးရဲ့ ၀မ်းသာအားရပြောလိုက်သည့် အသံအဆုံးမှာ အဘွားအိုက ပါးရေတွန့်များ ကြားမှ နှစ်ခြိုက်စွာပြုံးလိုက်၏။
"မြေးလေးကို အဘွား သတိရနေတာ"
မေတ္တာဓာတ်များရောယှက်နေသည့် အဘွားအိုရဲ့စကားကြောင့် ကောင်မလေးရဲ့မျက်လုံးအိမ် ထက်မှ မျက်ရည်စက်များကျဆင်းလာခဲ့ပြီးနောက် အဘွားအိုအပေါ် တောင်းပန် စကားများ ပေါ်ထွက်လာတော့၏။
"သမီး,,သမီးတောင်းပန်ပါတယ် အဘွားရယ်,,,သမီးကြောင့် အဖွား အခုလိုမျိုးဖြစ်ရတာပါ"
"မဟုတ်တာ မြေးလေးရယ်,,,မြေးလေးကြောင့်မဟုတ်ပါဘူး"
"ဟင့်အင်း,,..ဒါတွေအားလုံးကသမီးအပြစ်ပါ"
"မြေးလေး,,,,ကိုယ်ဘာမှအပြစ်မလုပ်ထားဘဲနဲ့ ဘာလို့ မြေးလေးအပြစ်ပါလို့ပြောနေရတာ လဲကွယ်"
"ဘယ်လိုဘဲဖြစ်ဖြစ် သမီးကြောင့်အဖွား စိတ်ဆင်းရဲခဲ့ရတာလေ။အဲ့တော့ သမီးအပြစ်ဘဲလေ အဘွားရဲ့"
"ငါ့မြေးလေးက အဲ့လိုမျိုး ရိုးသားလွန်းလို့လည်း လူတွေရဲ့လှည့်စားခံခဲ့ရတာ မဆန်းပါဘူး"
"အဘွား,,,"
"မြေးလေးမှာ ဘာအပြစ်မှမရှိဘူးဆိုတာ အဘွားသိတယ်မြေးလေး။ပြီးတော့ အဘွားမြေးလေး အပြစ်ကင်းစင်ကြောင်းပြဖို့အတွက်လည်း အဘွားမှာ သက်သေအထောက်ထားအကုန်ရှိ နေပြီ