Part-11(Uni)

1.4K 129 0
                                    

ကျွန်မ အခုတလော အရင်ကလို အထီးကျန်တဲ့ခံစားချက်တွေကို ပြန်ပြီးခံစားနေရပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ အကြောင်းအရင်းမရှိဘဲ ကျွန်မကို ရှောင်နေတဲ့ ကျွန်မရဲ့ သူငယ်ချင်း ကြောင့်ပါ။

ပထမနေ့တုန်းကတော့ သူ့စိတ်ထဲမှာမကြည်တာတွေရှိနေလို့ ကျွန်မကို စကားသိပ်မပြောတာ လို့ထင်ခဲ့တာ။

ဒါပေမယ့် ဒုတိယနေ့လည်းရောက်ရော ကျွန်မကို အရင်လိုစကားတွေမပြောတော့တဲ့အပြင် ကျွန်မနဲ့ မျက်လုံးချင်းမဆုံဖို့ပါ ကြိုးစားနေပြန်ရော။

ဟော..တတိယနေ့လည်းရောက်ရော မနက်စာတောင်ကျွန်မနဲ့အတူမစားတော့ဘဲ အပြင်က ဒန်းမှာဘဲသွားထိုင်နေတော့တယ်လေ။

ကျောင်းမှာကတော့ တစ်မေဂျာတည်းသူတွေမဟုတ်တဲ့အတွက် သူကျွန်မကိုရှောင်နေတာနဲ့ ပတ်သက်ပြီး စိတ်ထဲမှာမခံစားရပေမယ့် အဆောင်မှာကျတော့ သူနဲ့ ကျွန်မက တစ်ခန်းထဲအတူ တူနေကြတဲ့ အခန်းဖော်တွေမဟုတ်လား။

အဲ့တော့ အရင်လို ကျွန်မကို ဖော်ဖော်ရွေရွေနဲ့ စကားတွေမပြောဘဲ တစ်ခုခုကြောင့်စိတ်ညစ်နေ သလိုဖြစ်နေတဲ့ သူ့ပုံစံက သူမကြိုက်တာတစ်ခုခုကို ကျွန်မလုပ်ခဲ့လို့များလားဆိုပြီး တွေးပူစေတယ်လေ။

သူနဲ့မဆုံခင်အချိန်ထိ ကျွန်မမှာ တကယ်ခင်မင်ရတဲ့ သူငယ်ချင်းဆိုတာတွေမရှိခဲ့ဘူး။အဲ့တော့ သူငယ်ချင်းတွေကြားက ဆက်ဆံရေးတွေ ပြောဆိုမှုတွေကလည်း ဘယ်လိုအခြေအနေ ဘယ်လိုအနေအထားထိ ရှိတယ်ဆိုတာ ကျွန်မသေချာနားမလည်ပါဘူး။

ဒါပေမယ့် မနေ့တစ်နေ့ကအထိ ကျွန်မနဲ့ အဆင်ပြေနေတဲ့သူငယ်ချင်းတစ်ယောက်က နောက်တစ်နေ့မနက်လည်းရောက်ရော ချက်ချင်းဆိုသလိုစိမ်းကားသွားတယ်ဆိုတာက သေချာ ပေါက် သူကျွန်မကိုစိတ်ဆိုးနေလို့ဘဲဖြစ်မှာပေါ့နော်။

ဟုတ်တယ်မလား။ ဘာဘဲဖြစ်ဖြစ် ကျွန်မကတော့ အဲ့လိုထင်တယ်။

အဲ့တာကြောင့်မိုလို့ ကျွန်မကို သူဘာကြောင့် စိတ်ဆိုးပြီးစကားမပြောရတာလဲဆိုတာကို ကျွန်မသိအောင်လုပ်ရမယ်။

One and onlyWhere stories live. Discover now