Part-2(Uni)

2.7K 174 1
                                    

ထင်းရှူးတို့ဖြင့်တန်ဆာဆင်ထားသည့် ရှမ်းပြည်နယ်၏ ချမ်းအေးလှသော ဖေဖော်၀ါရီလရဲ့ ဆောင်းမနက်ခင်းပိုင်း၌ စောင်ကိုခေါင်းမြီးခြုံကာ အိပ်ရာထက်၌ကွေးနေအောင်အိပ်နေသည့် သူကတော့ အသက်၂၀အရွယ်ကောင်မလေး နွေးနေခြည်ပင်။

"နေခြည်ရေ...နေခြည်မ ...နင်အခုချိန်ထိမထသေးဘူးလားဟ"

မိမိအခန်းတံခါးကို တဒုန်းဒုန်းထု၍ အသံကျယ်ကျယ်ဖြင့် အော်နေသူကြောင့် နွေးနေခြည်ဟာ အိပ်ချင်မူးတူးဖြင့်ပင် စောင်ကိုကိုယ်မှာပတ်ရင်း တံခါးသွားဖွင့်လိုက်၏။

"ငပြည့်....မနက်စောစော နင့်အသံကြားရတာလေ တကယ်ကို ငှက်ဆိုးထိုးသံအတိုင်းဘဲ။...ပြီးတော့ ဘယ့်နှယ့်ကြောင့် တံခါးကိုတဒုန်းဒုန်းထုနေတာလဲ...အခုမှ ခြောက်နာရီထိုးခါနီးဘဲရှိသေးတာကို နင့်ကြောင့် ငါအိပ်ကောင်းချင်းမအိပ်ရတော့ဘူးဟ"

"အမလေး...ငါ့ကိုပြောနေလိုက်တာများ ....ဒီမှာ ဒေါ်နွေးနေခြည် ကျွန်မကလည်း ရှင့်ကို နိုးချင်လို့ နိုးတာမဟုတ်ပါဘူးနော်...ဒီနေ့မနက်ငါတို့အိမ်မှာ မုန့်ဟင်းခါးချက်တယ် အဲ့တာကြောင့်အမေက နင့်ကိုလည်းစားရအောင်ခေါ်ခိုင်းလိုက်လို့ လာခေါ်တာပါနော်...ဟွန့်"

မုန့်ဟင်းခါးဆိုသည့်အသံကြားတာနဲ့ နွေးနေခြည်ရဲ့မျက်နှာက စူပုတ်နေရာကနေ ပြေလျော့သွားကာ ကိုယ်မှာပတ်ထားတဲ့ စောင်ကိုလည်းဖယ် လိုက်ပြီး တောက်ပနေသည့် မျက်လုံးတို့ဖြင့်

"အစောကြီးကတည်းကအဲ့လိုပြောမှပေါ့ ပြည့်လေးရယ်..ဟဲဟဲ...ငါက နင့်အမေချက်တဲ့ မုန့်ဟင်းခါးကို ဘယ်လောက်ကြိုက်သလဲလို့...လာ...နင့်အိမ်ကိုအခုဘဲသွားမယ်"

"ဟင်...ချက်ချင်းကြီး?...နင်ကသွားတိုက် မျက်နှာမသစ်တော့ဘူးလား"

"အယ်...အေး ငါသွားမတိုက်ရသေးဘူးနော်...ဆောရီးပါ...ငါစားချင်စိတ်များပြီး မေ့သွားလို့ ဟီးဟီး"

"ဖြစ်ရမယ်...သွား...ငါအောက်ထပ်မှာစောင့်နေမယ်...နင်မျက်နှာသစ်ပြီးမှဆင်းလာခဲ့"

"Yes sir!!!!!!"

အလေးပြုတဲ့ပုံစံလုပ်ပြရင်းပြောကာ ရေချိုးခန်းထဲပြေး၀င်သွားသည့် သူငယ်ချင်းဖြစ်သူကို ကြည့်ပြီး ပြည့်သိင်္ဂီ သက်ပြင်းချရင်း ခေါင်းခါမိသည်။

One and onlyWhere stories live. Discover now