"အယ်...ပြည့်လည်း ဒီဆိုင်မှာ လာစားတာလား?"
"လာစားတာမဟုတ်ဘူး...အချောလေးရေ...လာစားဖို့ အခေါ်ခံရတာ"
"ဟင်...အခေါ်ခံရတာ...အော်...နွေးလေးက ခေါ်တာလား"
"အင်း...အယ်...ဘယ်လို ဘယ်လို....အချောလေးခုနက နေခြည်မကို နွေးလေး လို့ ခေါ်လိုက်တာ လား??"
"ဟုတ်တယ်လေ...နွေးနဲ့ ငါနဲ့က ချစ်သူတွေဖြစ်နေကြပြီဆိုတော့ နွေးလေးလို့ ပြောင်းခေါ်ကြည့်တာ ...ဘယ်လိုလဲ အဆင်ပြေတယ်မလား?"
"ဘာ.....ချစ်သူ???? အချောလေးနဲ့ နေခြည်မက ချစ်သူတွေဖြစ်နေကြပြီ..?""အင်းလေ...ဒီနေ့နဲ့ဆို ခြောက်ရက်တောင်ရှိတော့မယ်။ နေပါဦး...ငါထင်တာ နွေးလေးက ပြည့်ကို ပြောပြထားမယ်ထင်တာ....မပြောပြထားဘူးလား"
"ဟင်အင်း...ငါ့ကိုနေခြည်မဘာမှမပြောဘူး။အော်...သိပြီ။အဲ့တာကြောင့်မို့ နေခြည်မက အခုရက်ပိုင်း မျက်နှာက မှိုရသလိုဖြစ်နေတာကိုး...တွေ့မယ်....ဒင်းတော့တွေ့ဦးမယ်....ဒါနဲ့ အချောလေးတစ်ယောက်ထဲလား...နေခြည်မရောမပါဘူးလား"
"ပါတယ်။ ဒါပေမယ့် သူ့ဦးလေးက ဒီတစ်ခေါက်အိမ်ပြန်ရင် ထည့်ပေးလိုက်မယ့် ပစ္စည်းတွေပေး နေလို့ ငါ့ကို အရင်သွားခိုင်းလိုက်တာ"
"အော်..."
ပြည့်သိင်္ဂီနဲ့ ၀င့်ဖူးသဇင်တို့နှစ်ယောက်ပြောနေတုန်း အမောတကောနဲ့ ဆိုင်ထဲကို ပြေး၀င်လာ သည့် နွေးနေခြည်။
ထိုသို့ပြေး၀င်လာသည့် နွေးနေခြည်ကို မျက်ထောင့်နီကြီးဖြင့် ကြည့်နေသည့် ပြည့်သိင်္ဂီ
သူတို့နှစ်ယောက်ရဲ့ကြားမှာတော့ ဘုမသိ ဘမသိဖြင့် ကြောင်တောင်တောင်လေးရပ်နေရှာသည့် ၀င့်ဖူးသဇင်။
"ကဲ...ဒေါ်နေခြည်မ...နင် ဘာအမှားတွေလုပ်ထားလည်း သိတယ်ဟုတ်"
"ဟီးဟီး...သူငယ်ချင်းလေး...."
"တော်...ဘာကို အခုမှသူငယ်ချင်းလဲ? နင်သာသူငယ်ချင်းဆိုရင် နင်နဲ့အချောလေးရည်းစားဖြစ် နေတဲ့ကိစ္စကို ဘယ်လျှိုထားပါ့မလဲ"
"တမင်ရည်ရွယ်ပြီးမပြောတာမဟုတ်ပါဘူးဟယ်....ငါက ဒီနေ့ နင့်ကိုပြောပြမလို့ပါ...အဲ့တာကြောင့်မို့ ဒီဆိုင်ကိုခေါ်လိုက်တာလေ...အပြည့်လေးကလည်း...စိတ်မဆိုးပါနဲ့နော်"
Part-24(Uni)
Start from the beginning