ထို့အပြင် ပါးစပ်ကလည်းပွစိပွစိဖြင့် မကျေမနပ်ရေရွတ်နေလိုက်တာ အဆောင်ထဲကထွက်ခါ နီးအထိပင်။

ကျောင်းကိုရောက်နေပြီဖြစ်တဲ့ ၀င့်ဖူးသဇင်ခမျာတော့ အာရုံမစိုက်နိုင်အောင် အကြောင်းမဲ့ထူပူနေသည့် နားရွက်တစ် ဖက်ကိုသာ ခဏခဏကိုင်ရင်း မှတ်စုတွေကိုကြိုးစားလိုက်မှတ်နေရ၏။

.

.

တစ်မနက်ခင်းလုံး နားမလည်နိုင်သော စကားတချို့ ပြောသွားတဲ့ ဇင်က ဆယ့်တစ်နာရီထိုးတာနဲ့ ကျွန်မဖုန်းကို မက်ဆေ့ခ်ျပို့လာပါ၏။

"နွေး....အခုအားရင် ကျောင်းပေါက်ဝကိုထွက်လာခဲ့နော်"

ကျွန်မတစ်ယောက်တည်းကိုသာဇင်က ခေါ်တာဆိုတော့ ပြည့်ကို toiletခဏသွားဦးမယ်လို့ ပြောပြီး အခန်းထဲကနေ ကျောင်းရှေ့သို့ အမြန်ထွက်လာခဲ့ရပါတယ်။

အပြေးတစ်ပိုင်းနဲ့ လာပြီးကျောင်းရှေ့သို့ရောက်တော့ ဇင်က ကျွန်မကိုအပြုံးဖြင့်ဆီးကြိုနေပေ မယ့် မျက်လုံးတွေကစိုးရိမ်စွာဖြင့်....

"နွေးရယ်...ဖြေးဖြေးလာလည်းရတာကို ဘာလို့အဲ့လောက်ပြေးလာရတာလဲ။မတော်လို့ လမ်းမှာ ခလုတ်တိုက်လဲရင်ဘယ်လိုလုပ်မလဲ"

"ဒီလောက်ကတော့ဘာမှမဖြစ်ပါဘူး...ဒါနဲ့ ဇင်ကငါ့ကိုဘာလို့ကျောင်းရှေ့ကိုခေါ်တာလဲ"

"ဘာလို့ခေါ်တာလဲဆိုတော့ နွေးကို ငါကောင်မလေးတစ်ယောက်အကြောင်းပြောပြစရာရှိလို့"

"ကောင်မလေးတစ်ယောက်...? ဘယ်သူလဲ အဲ့ကောင်မလေးက.."

"အင်း..နွေးသူ့ကို သိချင်မှသိမယ်ထင်တယ်။ဒါမှမဟုတ် မသိရင်လည်းမသိလောက်ဘူးထင်တာဘဲ"

"နားမလည်နိုင်တဲ့စကားတွေထပ်ပြောပြန်ပြီ။ထားလိုက်ပါတော့...အခုဇင်ပြောမယ့်ကောင်မလေးတစ်ယောက်အကြောင်းကိုသာအရင်ပြောကြည့်ပါဦး....အပျင်းပြေနားထောင်ရတာပေါ့"

ပါးစပ်ကသာ ပြောကြည့်ပါဦး ...အပျင်းပြေနားထောင်ရတာပေါ့လို့သာပြောနေတာ ရင်ထဲမှာ တော့ သိပ်ပြီးကျေနပ်မနေ။

ဟုတ်တယ်လေ...ကိုယ်ချစ်ပါတယ်လို့ဖွင့်ပြောထားတဲ့သူက ကိုယ့်ရှေ့မှာ တစ်ခြားကောင်မလေး တစ်ယောက်အကြောင်းပြောပြချင်လို့ ဒီကိုခေါ်တာပါဆိုတော့ ဘယ်လိုလုပ်မကျေနပ်ဘဲနေမလဲ?

One and onlyWhere stories live. Discover now