Extra - 1
5.7K 524 27
ပုံမှန်နေ့ရက်တွေထက် သာယာသောမနက်ခင်းမှာ ကောင်လေးရင်ခွင်ထဲ၌ တင်းကြပ်စွာပင် ပွေ့ဖက်ခံထားရသည် ။ စောင်အထူးကြီးတွေအထပ်ထပ်ထက် ယခုခိုလှုံရာ ရင်ခွင်ငယ်လေးသည် ပိုနွေးထွေးသလိုခံစားရ၏ ။
တဖြည်းဖြည်းချင်း ဝမ်လေးမျက်နှာကိုမော့ကြည့်သော အိပ်မောကျနေသော ကလေးငယ် ။ နှစ်ခြိုက်စွာ အိပ်ပျော်နေသော်လည်း ရှောင်းကျန့်ကို ဖက်တွယ်ထားထိုကလေးရဲ့လက်တွေဟာ တင်းကြပ်နေပါသည် ။ရှောင်းကျန့်ထက် ၆ နှစ်ငယ်သော်ငှား ရှောင်းကျန့် အားကိုးရာ ဒီလူသား ၊ အရာအားလုံးထက် ပိုချစ်ရသူ ။
ထိုသူသည် ပြီးပြည့်စုံတာထက်ပင် ပိုသော​သူဖြစ်သည်။ ငွေဂုဏ်ရှိလူတန်းစားတို့၏ သားသမက်အဖြစ် မက်မောစရာဖြစ်လင့်ကစား နှုတ်ခမ်းနီမလေးများစွာ၏ စိတ်ကူးယဥ် အမျိုးသားလည်း ဖြစ်လေသည်။
ဒီကလေးငယ်သည် အဖိုးတန်လွန်းပါ၏ ။
ထိုအဖိုးတန်လေးကို အားလုံးထဲမှ ရှောင်းကျန့်ပိုင်ဆိုင်ထားသည်ဆိုသည့်အသိကလည်း ရင်တွေတစ်သိမ့်သိမ့်ခုန်ကာ ကြည်နူးမှု ၊ ပျော်ရွှင်မှုကို အတိုင်းမသိခံစားရစေ၏ ။
မျက်နှာလှလှလေးကိုငေးမောကြည့်နေရင်း ခပ်ဖြည်းဖြည်း တွန်ချိုးလာတာကြောင့် ဝမ်လေး နိုးပြီဖြစ်ကြောင်းသိရသည် ။
ရှောင်းကျန့် တိတ်တဆိတ်ပင် အမူအရာမပျက်စွာ အိပ်ချင်ယောင်ဆောင်နေလိုက်၏ ။
ဝမ်လေးရဲ့ အပျင်းကျောဆန့်ရင်းသန်းဝေသံကိုရှောင်းကျန့်ကြားလိုက်ရသည် ။ ထို့နောက် ခဏအတွင်း ရှောင်းကျန့်ပါးပြင်ကိုလာရောက်အုပ်ခကိုင်သော လက်ဖဝါးတစ်ဖက် ၊​ရှောင်းကျန့်နဖူးပေါ်က ဆံပင်တွေကိုသပ်တင်ပေးလေသည် ။
ခပ်နွေးနွေးကျရောက်လာသော နဖူးပေါ်ကအနမ်းတစ်ပွင့် ၊ ထို့နောက် မျက်နှာပြင်အနှံ အဆက်မပြတ်နမ်းသာသော နှာခေါင်းလုံးလုံးလေးနဲ့အတူ ပြန်လည်တင်းကြပ်လာသောပွေ့ဖက်ခြင်း ။ တစ်ခုချင်းစီတိုင်းမှာ ဝမ်လေးရဲ့​ မြတ်နိုးမှုတွေကို နွေးထွေး ရင်ခုန်စွာ ခံစားရပါသည် ။
​အိပ်ချင်ယောင်ဆောင်နေသော ရှောင်းကျန့်မှာ ကလေးငယ်လုပ်ရပ်ကြောင့် ပြုံးစိစိပင်ဖြစ်လာ၏ ။