တစ်ခုတည်းလား ( တစ်ခုတည်းလား)
13.4K 1.4K 5
ရိပေါ် ကိုယ်ရံတော်တစ်ယောက် ကို ge အားစောင့်ကြည့်စေခဲ့တာ လွန်ခဲ့တဲ့ 3 နှစ်လောက်ကတည်းက ၊ ge ဘာလုပ်လုပ် ရိပေါ် အကုန်သိတယ် ၊ ge လိမ်နေရင်တောင် သိတယ်။
ရင်ခွင်ထဲက အမူးသမား ငတုံးလေး ge ပဲမသိတာ..။
ge အိမ်တော်ကနေ ကားမယူပဲ ထွက်သွားပြီဖြစ်ကြောင်း မိမိဆီ Message ရောက်လာတာကြောင့် ရိပေါ် ကုမ္ပဏီ အစည်းအဝေး တက်တာတောင် စိတ်မပါတော့ ။
ပါးပါး ခရီးသွားတါကြေါင့်ရိပေါ် ပါး ကိုယ်စား ကုမ္ပဏီ အစည်းအဝေးတက်ပေးနေရတာ ၊ ge နဲ့ တစ်နေကုန် ရှိနေချင်ပေမယ့် ကုမ္ပဏီ ကိုလဲပစ်ထားလို့မရတာကြောင့် ။
geကအိမ်ပြန်ရောက်တာတောင်မကြာသေးဘူးဘယ်သူနဲ့သွားတွေ့တာလဲ ၊၊ ပင်းယောင်လား..?? တွေးမိသည်နှင့်တပြိုက်နက် ရိပေါ် အစည်းအဝေးအခန်းက အလျှင့်အမြန်ထွက်ခွာသွားပြီ ။
အစည်းအဝေး ခန်းထဲမှာရှိတဲ့ လုပ်ငန်းရှင်အချို့ကတော့ ဝမ်သခင်လေးက ရိုင်းလိုက်တာ ၊ သူ့ကောင်မလေးကြောင့် ထွက်သွားတာလား ၊ ဒီပုံစံနဲ့ ဝမ်ကုမ္ပဏီ ကို ဘလိုထိန်းချုပ်မလဲ
စသဖြင့် ထင်ကြေးအမျိုးမျိုး ပေးနေကြသည်။
ရိပေါ်ကတော့ တစ်ခုခုကို စိုးရိမ်နေတယ် ။ မိမိထင်သလိုဖြစ်လာရင် ဘလိုလုပ်မလဲ ကားကို အရှိန်တင်လိုက်ရင်း ကိုယ်ရံတော် light ပြောတဲ့ ဆိုင်ထိမောင်းလာခဲ့တယ်။
ge ရှိနေတဲ့ဆိုင်ရောက်တော့ ge က သီးသန့်ခန်းထဲမှာ သူငယ်ချင်းတွေနဲ့တွေ့နေတယ်ဆိုပဲ။ စောင့်ကြည့်ကင်မရာကို ge အခန်းထဲထိ waiter ကိုပို့ခိုင်းလိုက်ပြီး အပြင်ကပဲ အခြေအနေကို ရိပေါ်ကြည့်နေတယ်.။ ဘာမှတော့မထူးဘူး ၊ ge က ဝိုင်လေးသောက်ပြီး မူးနေတာပဲထူးတာ ၊ ဒီ ge က မသောက်နိုင်ပဲနဲ့ ပြီးတော့ သူသူငယ်ချင်းတွေပြောသမျှကို ခေါင်းလေးတငြိမ့်ငြိမ့် နဲ့နားထောင်နေတယ် ။ ge ရဲ့ ချစ်စရာ အမူအရာလေးတွေကို ရိပေါ် မျက်တောင်မခတ် အပြင်ကကြည့်နေတာ ။ ge ဘေးနားရောက်လာတဲ့ ပင်းယောင်ကြောင့် ရိပေါ်  အပြုံးတွေ တိခနဲ့ ပြတ်ကျသွားတယ်..၊ ge ကိုကြည့်နေတဲ့ ပင်းယောင် အကြည့်တွေရဲ့ အဓိပ္ပါယ်ကို ရိပေါ်သိတယ်။
Ge ထံကိုတဖြည်းဖြည်းခေါင်းငုံလာတဲ့ ပင်းယောင်ကြောင့် ခန္ဓာကိုယ်က မတ်ခနဲ ။ ထိုင်နေရာမှ အလျှင်အမြန်ထပြီး တံခါးကို ခြေနဲ့ကန်ဖွင့်လိုက်တယ် ၊ ပင်းယောင် လက်ထဲက ge ကို ဆွဲယူရင်း ထိုလူရဲ့ ဝမ်းဗိုက်ကို အားပါပါနဲ့ စောင့်ကန်လိုက်မိတယ်..။