Chapter - 5,ရည်းစားဟောင်းနဲ့ တွေဆုံခြင်းအစ (ရည်းစားဟောင်းနဲ့ တွေဆုံခြင်းအစ)
14.5K 1.6K 29
လင်း အိမ်တော်ထဲတွင်..
အစေခံတွေ ကတော့ ခေါင်းမီးတောက်နေကြပြီ..၊ ဒီပြသနာဟာ နေ့တိုင်းလိုလို ကိုဖြစ်နေကျမို့ သူတို့အတွက် မထူးပေမယ့်..သူတို့ရဲ့ သခင်လေး ဖြစ်သူရဲ့ ဒေါသကိုတော့ကြောက်ရတယ်..။
သခင်းလေး လင်းက အခြားသူ ဘာဖြစ်ဖြစ် ဂရုမစိုက်တတ်ပေမယ့်..၊ အခန်းထဲတွင်ရှိသော အကိုလေး အနာတရ မဆိုသလောက်လေးဖြစ်ရုံနဲ့တင် မိမိတို့အတွက်နေစရာနေရာပင်မရှိ..၊ ဘယ်သူ့ကိုမှရှိတယ်လိုမထင်တဲ့ သခင်လေးက အကိုလေးကိုတော့ သူမတူအောင် ဂရုစိုက်တယ် ၊ ရက်စက်တတ်တဲ့ သခင်လေးက အကိုလေးရှေ့တွင် သနားစရာကြောင်ငယ်လေးလို ဖြစ်သွားတတ်တယ်..။
အခုလဲ အကိုလေး က သူ့လက်ကောက်ဝတ်သူလှီးပြီးသေရန်ကြံစည်တာကို မိမိတို့သခင်လေးသိသွားလို့ဖြစ်၏။
ဒါဏ်ရာရနေတဲ့ အကိုလေး လက်ကောက်ဝတ်ကို ဂရုတစိုက်ဆေးထည့်ပေးနေသော သခင်လေးလင်း..၊ အကိုလေးနဲ့ ပတ်သတ်ရင် မိမိတို့ သခင်က နူးညံ့တဲ့သူတစ်ယောက်ဖြစ်သွားတယ်..၊ မိမိတို့သခင်ရဲ့ မျက်ဝန်းတွေက ထိုအချိန်မှာ ပျော့ပြောင်းနေတယ်..၊ ပြီးတော့ အကိုလေးကို ထွက်မသွားဖို့တောင်းဆိုနေသလိုမျိုး..၊ အကိုလေးက တော့ အိပ်ဆေးရှိန်ကြောင့် ကုတင်ပေါ်တွင်အိပ်မောကျလို့...။
အစေခံတွေကို လင်းချန်မင် အေးစက်စွာကြည့်တယ်..။ အန္တရာယ်ရှိတဲ့ ဘယ်လိုအရာမျိုးကိုမဆို ဒီအခန်းထဲမယူဖို့သတိပေးထားရဲ့သားနဲ့...။
" မင်းတို့အားလုံး ဘာလုပ်မိလဲသိလား..''
လင်းချန်မင်စကားသံတွေက တည်ငြိမ်နေဟန်ရှိပေမယ့်..၊ အစေခံတွေအား ခွင့်လွှတ်မယ့် အရိပ်အယောင်တော့မတွေ့..၊
သူစိတ်ရှိတိုင်းသာဆိုရင် သူ့အမိန့်လိုက်မနာတဲ့ ဒီလူတွေကို ဒီနေရာမှာတင် တစ်ခါတည်း နိဂုံး ချုပ်ပေးလိုက်ပြီ..။ ဒါပေမယ့် အခုက ကုတင်ပေါ်ကလူသာလေးကြောင့်.. သူ့ကြောင့်..၊
သူသာသိသွားရင် လင်းချန်မင် ကို ပိုမုန်းသွားမယ်..၊
အတိတ်ကလုပ်ရက်တွေကိုတောင် ခုချိန်ထိ ခွင့်မလွှတ်နိုင်သေးတာ..၊ ဘာလိုလိုနဲ့ 15 နှစ်တောင်ရှိခဲ့ပါရောလား...။