12.9K 1.3K 13
အချိန်တွေက မျက်စိတစ်မှိတ်အတွင်းမှာ 2 လကျော်လောက်ကုန်သွားခဲ့တယ်..၊ ရိပေါ် လေးကတော့ မြို့တော်ကို ကျောင်းသွားတက်ရမှာမလို့ ဂျီကျနေလေရဲ့ ၊၊
" ge ကျတော်နဲ့လိုက်ခဲ့လေ ''
နှုတ်ခမ်းကြီးက ဆူပုတ်ပြီး မိမိကိုချွဲနေတဲ့ကောင်လေး..
ရှောင်းကျန့်ရင်ခွင်ထဲကို ခေါင်းလေးဝှေ့ပြီး သနားစရာ လုပ်ပြနေတယ်.. ။
" ကျတော်တို့မြို့တော်မှာအိမ်ဝယ်နေကြမယ်လေ..နော် ge ''
" ဝမ်လေး ကလေးလဲမဟုတ်တော့ပဲနဲ့ မဆိုးစမ်းနဲ့..ကျောင်းပိတ်ရက်တွေ ပြန်လာခဲ့ပေါ့ ဝမ်လေးရဲ့ လိမ္မာပါတယ်ကွာ..''
ရှောင်းကျန့်လဲ ဝမ်လေးနဲ့မခွဲချင်ပေမယ့် မိမိလိုက်သွားလို့မဖြစ်သေး...၊၊ မျက်လုံး ညိုလေး တစ်လဲ့လဲ့နဲ့ မိမိကိုကြည့်နေတဲ့ရိပေါ်က ချစ်စရာကောင်းတယ် ၊ ပြစ်ချက်ကင်းနဲ့ မျက်နှာလေးနဲ့တကွ နီရဲနေတဲ့ နှုတ်ခမ်းပါးစူစူလေး ၊ ခေါင်းမော့ကြည့်နေတာ ဖြစ်တဲ့အတွက် ထင်ထင်ရှားရှားပေါ်နေတဲ့ အာဒံရဲ့ ပန်းသီး ၊ လည်ပင်းမှာပေါ်နေတဲ့ အကြောစိမ်းလေးတွေက အစ ရှောင်းကျန့်ကို တစ်ခုချင်း မြူစွယ်နေတယ် ။
ရိပေါ်လေးက ယောက်ျားပီသလွန်းတယ် ။
" ge ကျတော့ကို လွမ်းနေမှာမလား ''
" ဒါပေါ့ ဝမ်လေးရဲ့.. ၊ ဝမ်လေးကသာ ဟိုမှာ ကောင်မလေးရပြီး ge ကိုသတိတောင်ရတော့မှာမဟုတ်ဘူး ''
" လျှောက်မပြောနဲ့ ကျတော်မှာ ဘာကောင်မလေးမှမရှိဘူး ''
ge ge ပဲရှိတာ..
" အရူးလေး ပြောလို့ရမလား ရှိရင်ရှိလာမှာပေါ့ ဝမ်လေးက ခုမှငယ်ငယ်လေးပဲရှိသေးတာကို..''
ge ကပဲ တုံးတာလား ၊ ရိပေါ်ကပဲ ge မြင်အောင်မချသ်ပြတာလား...၊ သူများတွေတောင်သိချင်သိနိုင်ပေမယ့် ၊ ge က မသိသေးဘူး..၊ ရိပေါ် တကယ်ငိုချင်နေပြီ..။
" ကျတော်ကအရူး ပြီးတော့ ge က ငတုံးလေး ''
ရိပေါ် ခပ်တိုးတိုးလေးပဲ ပြောလိုက်တယ် ge ကြားလားမသိပေမယ့်...။
" ကျတော် နေ့တိုင်းဖုန်းဆက်မှာနော် ge.. ''
ပြီးရင် ge လုပ်သမျှ ကိုလဲစောင့်ကြည့်နေမှာ