Chapter -6,မဆံုခ်င္တဲ့ေရစက္ (မဆုံချင်တဲ့ရေစက်)
13.9K 1.5K 14
နှုတ်ဆက်လို့ အပြီးမှာ ယွဲ့ပင်းယောင်က ရှောင်းကျန့်နဲ့ ကျိုးချန်ရဲ့ အနောက်ခုံ နေရာမှာ နေရာယူတယ်..။
ဂုတ်အထိ ခပ်ရှည်ရှည်ဆံပင်ကို  သရေပင်ခေါင်းစည်းကြိုးနဲ့စည်းထားတယ်..၊ ယောက်ျားပီသတဲ့ ခပ်သြသြအသံနဲ့အတူ နားထင်က မွေးရာပါ အနီရောင်အမှတ် ခပ်သေးသေးလေးဟာ အရင်ဘဝက ရှောင်းကျန့်ရဲ့ မြတ်နိုးရာ..။
ဒီဘဝမှာတော့ အရင်လို ရှောင်းကျန့်မိုက်မဲမှာ မဟုတ်တော့..
ဒီလူ့ထက် ပိုမြတ်နိုးချစ်ရမယ့်သူလဲရှိနေခဲ့ပြီလေ..။ အရင်ဘဝက ရန်သူလို့ထင်ခဲ့ရတဲ့ ကလေးငယ်က ဒီဘဝမှာ မိမိရဲ့ နှလုံးသားတစ်ခုလုံးဖြစ်သွားခဲ့ပြီ...။
အတန်းပြီးတော့ ကျိုးချန်ကိုနှုတ်ဆက်ပြီး ရှောင်းကျန့် စောစောပြန်ခဲ့တယ်..၊ ခုလောက်ဆို ကလေးငယ်စောင့်နေလောက်ပြီ..။
အိမ်ရောက်တော့ ရိပေါ်လေးက hot pot သွားစားဖို့အဆင့်သင့်..။ ရှောင်းကျန့်လဲ ရေချိုး အဝတ်လဲ ပြီး ရိပေါ်လေးနဲ့အတူ ဝမ်ဂရု ပိုင် 5 star hotel ကိုသွားခဲ့တယ် ဒီ hotel က အနာဂတ်မှာ ရိပေါ် ပိုင်ဆိုင်မယ့် hotel ၊ ဒါကိုရှောင်းကျန့်က မကျေနပ်လို့ လူမိုက်ငှါးပြီး ဒုက္ခပေးခဲ့သေးတယ်..။
အရင်ဘဝက ရှောင်းကျန့်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေက အရမ်းများခဲ့တာပဲလို့ တွေးမိရင်း သက်ပြင်းအရှည်ကြီးချလိုက်မိတယ်..။
"ge ge ''
ရိပေါ်လေးခေါ်သံကြားမှ
" ဟမ်..အင်း..ရိပေါ်လေး ''
" စားလို့မကောင်းဘူးလား...''
စာပွဲပေါ်က hot pot ကိုကြည့်ရင်း သက်ပြင်းအရှည်ကြီးချနေတဲ့ ge ge ကြောင့် ရိပေါ် တောင် မျက်ခုံးတွေကျုံ့လိုက်မိတယ်..။ ge ge ကဘာတွေစိတ်ညစ်စရာရှိလို့လဲ..။
" အာ..အဲ့လိုမဟုတ်ဘူး..''
ရှောင်းကျန့် ပြာပြာသလဲ ငြင်းလိုက်ရတယ်..။ ကလေးငယ်က မိမိ စိတ်အခြေအနေကို အကဲခတ်တတ်လွန်းတယ်..။
" ge ge မှာ စိတ်ညစ်စရာတွေရှိနေတာလား..၊ အချိန်နည်းနည်းလေးပဲစောင့်ပေး ge ge ကျွန်တော် အသက်ကြီးလာရင် ge ge ကို စိတ်မညစ်အောင်ထားမယ် ..နော် ge ge ''