အိမ်မက်ဆိုး (အိမ္မက္ဆိုး )
12K 1.1K 17
အရွယ်ရောက်လာလေ ပိုမိုနှစ်လိုဖွယ်ဖြစ်ပေါ်လာတဲ့ မျက်နှာအစိတ်အပိုင်းတွေကြောင့် အခုတော့ ဝမ်လေးက လူပျိုကြီးလုံးလုံးပင်ဖြစ်နေလေပြီ ။ ဝမ်ကုမ္ပဏီ ရှယ်ယာဝင် လုပ်ငန်းရှင်တွေရှေ့မှာ အများ အားကျလောက်အောင်လူကြီးလူကောင်းဆန်နေတဲ့ ဒီကလေးလေးက ရှောင်းကျန့်နဲ့အတူရှိရင် ခွေးပေါက်လေးလို ခေါင်းလေးဝှေ့ပြီး ချွဲတတ်တယ်ဆိုတာ ဒီလူတွေသိမှသိပါ့စ ။ အခုချိန်မိမိရှေ့မှာရှိနေတဲ့ ဒီကောင်းက တစ်ခြားလူတစ်ယောက်လိုပဲ တည်ငြိမ်လွန်းတယ် ၊ အသက်ငယ်ရွယ်ပေမယ့် အရည်အချင်းရှိတယ် ၊ သူများအားကျလောက်အောင် အဆင်းရောအချင်းပါ ပြီးပြည့်စုံတဲ့ ဒီကလေးက ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ အိမ်မက်ဆိုလဲဟုတ်တယ် ။ ဒါကြောင့် လုပ်ငန်းရှင်မိသားးစုတွေက သူတို့သမီးတွေနဲ့ နေရာချ ပေးဖို့ အသည်းအသန် ကြိုးစားနေကြတာပေါ့ ။
ဒီလောက်များတဲ့ အလိုတမာလူတွေကြားထဲကမှ ရှောင်းကျန့်က ဒီခွေးပေါက်ကလေးကို ပိုဆိုင်သူ ဆိုတဲ့အတွေးက မိုးပေါ်မြောက်တက်သွားသလို ဂုဏ်ယူမိပါတယ် ။ ဦးလေးဝမ် ဆောက်လုပ်ရေး ကိစ္စကြောင့် နယ်သွားတာဖြစ်လို့ ဝမ်လေးက ဒီနေ့ ကုမ္ပဏီ အစည်းအဝေးတက်ပေးနေတာ ၊ တစ်ယောက်တည်းသွားလို့ရပါရဲ့ ရှောင်းကျန့်ကို မထားခဲ့နိုင်ဘူးဆိုပြီး မရမက ခေါ်လာလေတယ်.. ။ အစည်းအဝေးခန်းထဲမှာ အရိပ်တကြည့်ကြည့်နဲ့ဝမ်လေးက အစည်းအဝေးတက်နေတာ စိတ်မှဖြောင့်ပါရဲ့လား..။ ပျင်းနေပေမယ့်လဲ မတက်နိုင်ဘူးလေ အစည်းအဝေးပြီးတဲ့အထိပဲစောင့်ရမှာပေါ့..။
ဘေးကအတွင်းရေးမှူးကို ဝမ်လေးက ခပ်တိုးတိုးဘာပြောလိုက်လဲမသိ အတွင်းရေးမူး ဦးလေးက ခေါင်းငြိမ့်ခါ အပြင်ထွက်သွားလေတယ်.. ၊ သိပ်မကြာလိုက်ပဲ ပြန်ရောက်လာတဲ့ အတွင်းရေးမူးလက်ထဲမှာပါလာတဲ့ ချစ်စရာ ထမင်းဗူးကလေး ကရှောင်းကျန့်ရှေ့ရောက်လာ၏ ၊ ရှောင်းကျန့် ရဲ့ကြောင်တောင်အကြည့်တွေကို လျစ်လျူရှုကာ ထမင်းဗူးကို ဖွင့်ပေးသွားတယ်..။
ထမင်းဗူးထဲမှာ ရေညှိထမင်းလိပ်ကိုယုန်ပုံစံလေးနဲ့တစ်ကန့်
ဘေးတစ်ဖက်မှာ Radish soup တစ်ကန့် ထည့်ထားပေးသည်။ အရောင်တွေတစ်လက်လက်နဲ့ရှောင်းကျန့်မျက်ဝန်းတွေက ဝမ်လေးကို ကြည့်မိတော့ ကလေးငယ်က စား ဆိုတဲ့သဘောနဲ့မေးဆတ်ပြပြီးပြုံးနေလေရဲ့..။