9.7K 946 37
တစ်ခါတစ်လေ မျှော်လင့်ခြင်းတွေက အပြင်းဆုံးအဆိပ်တွေဖြစ်နေတတ်တယ် ။ လင်းချန်မင်အတွက်ကတော့ ထိုအဆိပ်တွေက အမြတ်တနိုး မျှော်လင့်ခြင်းတွေပဲ..။
စိတ်တွေ လှုပ်ရှားနေခဲ့တယ် ၊ ယိုဟန် ချိန်းထဲအဆောက်အဦးကို ချန်မင်အလောတကြီးပြေးနေခဲ့တယ်..၊ ရက်ပေါင်းများစွာ လွမ်းခဲ့ရတဲ့ ဒီလူသားကိုတွေ့ဖို့မစောင့်နိုင်တော့ဘူး..။ ပြင်းပြင်းပြပြ ခုန်နေတဲ့ နှလုံးခုန်သံတွေဟာ လင်းချန်မင်ရဲ့ ပျော်ရွှင်ခြင်းကို အစပြုတယ်..။
တကယ်ပါပဲ ယိုဟန်ဆိုတဲ့ လူသားဟာ ချန်မင်ကို မျက်ရေတွေမဆည်နိုင် ဖြစ်စေသလို ပြုံးလဲပြုံးစေနိုင်တယ်..။ယိုဟန် ချိန်းတဲ့နေရာ အဆောက်အဦးရဲ့ 5 ထပ်မြောက်သို့ ကိုယ်ရံတော် နှစ်ယောက်နှင့်တကွ ဦးတည်ခဲ့၏ ။
" ငါဘယ်လိုနေလဲ ကြည့်ကောင်းရဲ့လား ဆံပင်တွေရော ဖွားနေလား ''
" ဆရာ အားလုံးပြည့်စုံပါတယ် ၊ ဘာတစ်ခုမှ လိုအပ်ချက်မရှိပါဘူး..''
အရင်နေ့တွေနဲ့မတူပဲ တက်ကြွနေတဲ့ ဆရာဖြစ်သူကို ကိုယ်ရံတော်တွေကတော့ အထူးအဆန်းမဖြစ်တော့ပေ ။ အကိုလေး ယိုဟန်နဲ့ ပတ်သတ်ရင် ဆရာက အမြဲတမ်း ဆရာနဲ့မတူအောင်ဖြစ်နေတတ်တယ်..။
" မင်းတို့ ဒီမှာပဲ စောင့်နေ ''
ကိုယ်ရံတော်နှစ်ယောက်အား အပြင်၌ စောင့်ခိုင်းခဲ့ကာ ယိုဟန် အခန်းထဲ သို့ စိတ်လှုပ်ရှားစွာ ဝင်သွားခဲ့၏ ။ ကျယ်ဝန်းသော အခန်းထဲ၌ မည်သူတစ်ဦးတစ်ယောက်ရဲ့ အရိပ်ယောင်မျှပင် မတွေ့ရပေ ။
" ယိုဟန်..''
မရောက်သေးတာများလား..။
ချန်မင် အခန်းထဲ ဆက်လျှောက်သွားခဲ့သည် ။
အလုံခန်းထဲ အဲကွန်း ကအေးစိမ့်စိမ့် ရှိလှ၏ အသံတစ်စုံတရာမကြားရပဲ သေချာ အာရုံစိုက်နားထောင်လျှင် လင်းချန်မင်၏ ကျယ်လောင်သော နှလုံးခုန်သံကို ကြားနိုင်သည် ။
" ငါ ဒီမှာ ''
ရုတ်တရက်ကြားရသော အသံက ဘေးဆီက.. ။
မှန်နံရံတွေကနေ အပြင်ကို မျှော်ကြည့်နေတဲ့ ယိုဟန်က ချန်မင်ကို ကျောပေးထားလိုက်၏ ။ ချန်မင် ကြည့်ကာ ပြုံးလိုက်မိသည် ။ နေ့ရက်များစွာ လွမ်းစွတ် ခဲ့သမျှဝေဒနာတွေဟာ ဒီကျောပြင်လေးမြင်ရုံ အရာအားလုံးကျေပျက်ခဲ့ပြီ ။ ဒီလူသားဟာ ချန်မင်အတွက် အရာအားလုံးထက် အဖိုးတန်လွန်းတယ် ။