အမှန်တရားကိုသိချိန် (အမှန်တရားကိုသိချိန်)
10.9K 1K 23
ကုတင်ပေါ်က အိပ်နေတဲ့ကောင်လေးကို ကြည့်ကာ လင်းချန်မင် ရင်ထဲ တစ်စုံတစ်ရာ ကို အထိတ်တလန့် ခံစားနေရသည်..။ စိတ်ထဲလေးလံနေတာကို သဘောမကျဘူး တကယ်ဆိုရင် သူက ယိုဟန်နဲ့ ထွက်သွားရတော့မှာလေ ပျော်နေသင့်တာပေါ့ ။ US ကို ဒီတစ်ပတ်အတွင်းသွားဖို့ အမြန်ပြင်ဆင်မှဖြစ်မယ်...
ဘာမှမသိတဲ့ကောင်လေးက လင်းချန်မင် ရဲ့အတ္တတွေကို အမှန်တရားတွေလို့ ထင်နေရှာတယ်..။ လင်းချန်မင် ကိုယ်တိုင်လဲ ဒီအတိုင်းပဲ ဆက်ထင်နေစေချင်၏..။ စိတ်ထဲမှာတော့ ဒီကောင်လေးကို အကြိမ်ကြိမ် တောင်းပန်ပြီးပြီ..။
အပြီးမသတ်ရသေးတဲ့အလုပ်တွေလုပ်ရန် ဒီနေ့နောက်ဆုံးရုံးသွားရန်လိုသေးသည်။ အိပ်နေတဲ့ကောင်လးရဲ့ နဖူးပြင်ထက်က ဆံနွယ်နုနုကို ခပ်ဖွဖွ နမ်းကာ တစ်စုံတစ်ရာ ကိုလဲ ရေရွတ်ခဲ့ရန် လင်းချန်မင် မမေ့...
"ချစ်တယ် ယိုဟန်..''
ခြေလှမ်း ဖြေးဖြေးနင်းကာ ချန်မင် အပြင်ထွက်ခဲ့သည် ။
သေးအမွှားတစ်ခုခုကြောင့်ပင် ဒီကောင်လေးကိုအနှောင့်အယှက်ဖြစ်စေမှာ ချန်မင်စိုးရိမ်လှပါ၏...။
ထွက်သွားခဲ့သော ချန်မင်ကတော့ စားပွဲပေါ်မှာကျန်ခဲ့တဲ့ ph လေးကိုတော့ မမြင်ခဲ့...။
ချန်မင်ထွက်သွားပြီးနောက် အသံမြည်လာတဲ့ ph လေးကြောင့် ယိုဟန် အလိုမကျစွာ ထထိုင်မိတယ်..။ သူအိပ်ချင်နေသေးတာကို ဘယ်က အသံထွက်နေတာလဲ...။ အသံလာရာကြည့်မိတော့ စာပွဲပေါ်က ph တစ်လုံး....။
" ချန်မင်ကလဲကွာ..ကိုယ့်ph ကိုယ် သတိတရမရှိဘူး..''
အိပ်ယာနိုးခါစ မကြည်တဲ့စိတ်ကြောင့် လင်းချန်မင်ကို ခပ်တိုးတိုးလေးတော့ ကျိန်ဆဲလိုက်မိသည်..။ မကိုင်မချင်းမြည်နေတဲ့ ph ကြောင့်  ယိုဟန် သွားပိတ်ရန်ပြင်လိုက်၏..။ ကိုင်ရန်တော့စိတ်ကူးမရှိ ချန်မင် အလုပ်တွေကို သူမှနားလည်တာ ချန်မင်ပြန်လာမှ ပြန်ဆက်ခိုင်းလိုက်မယ်ဆိုတဲ့အတွေးနဲ့...။
မထင်မှတ်တဲ့ တွေ့ရတဲ့ contact name ဟာ သူ့ လက်တွေကို ရပ်တန့်သွားစေတယ်...။ အတိတ်ဟောင်းက အမုန်းတရယတွေဟာလဲ နှလုံးသားထဲ စုပြုံတိုးဝင်လာပြန်၏..။ လင်းချန်မင်နဲ့ ဒီမိန်းမက..... ??