12.5K 1K 21
အဲ့နေ့က ရိပေါ်လက်ချက်ကြောင့် ယွဲ့ပင်းယောင် ဆေးရုံးမှာ ကျောက်ပတ်တီးနဲ့ တစ်ပါတ်လောက်နှစ်ပါးသွားခဲ့ရတယ် ။
ယိုဟန် ဟာလည်း သူ့သားလုပ်ရပ်ကြောင့်အများကြီးအရှက်ရပေမယ့် သားကိုအပြစ်တစ်ခွန်းတလေတောင်မပြောရက် ၊ ထိုနေ့ပါတီပွဲဟာ မျှော်လင့်ထားသလိုမဖြစ်ပဲ အများကြီး ပျက်စီးသွားရပြီး ရှောင်းရန့်ကျူး ရဲ့မကျေနပ်ချက်ဟာလဲ တစ်နေ့တစ်ကြားပိုကြီးထွားလာတယ်
ဒီကောင်လေးက သူ့ကို ဘယ်တော့မှကောင်းကျိုးမပေးဘူး..
ရိပေါ်ကလဲ အဲ့နေ့ကိစ္စကြောင့် ရှောင်းကျန့်ကို ဘယ်နေရာမှတစ်ယောက်တည်းမလွှတ်တော့ ချီးပါ သေးပေါက်ကအစ အပြင်မှာစောင့်နေပေးတာကြောင့် ရှောင်းကျန့်အနည်းငယ်တော့ မျက်နှာပူမိတယ် ။F city ကိုကျောင်းပြန်တက်ဖို့တောင် ရက်ရွေ့လိုက်ပြီး online က သင်ကာ ရှောင်းကျန့်နားတစ်ဖဝါးမခွာတော့ပေ..။
အဲ့နေ့က ဝမ်လေးဟာ သူ့ကို ကျောပိုးကာ ပါတီကထွက်ခဲ့တယ်လို့ဆိုတယ် ၊ အိပ်ပျော်နေတဲ့ သူကတော့ ထိုအခြေအနေကို မသိခဲ့.. ၊ သူနိုးလာတော့ ကုတင်ဘေးမှာ ဒေါသအငွေ့အသက်တွေ အပြည့်နဲ့ မျက်ဝန်းတွေနက်မှောင်နေတဲ့ ကောင်လေးဟာ သူ့ကို စူးစိုက်ကြည့်နေတယ် ။ စကားတစ်ခွန်းမပြောပဲကလေးငယ်ဟာ တစ်နေရာကိုထသွားကာ ခနကြာတော့ ပြန်ရောက်လာတယ် လက်ထဲမှာလဲ ရေးနွေးဗန်းနဲ့ လက်ကိုင်ပုဝါ ပါလာ၏ ။
" ge သန့်ရှင်းရေးလုပ်ရအောင် ''
ပုဝါကိုရေစွတ်ကာ ဝမ်လေးကပြောလာတယ် ။ အသံကခံစားချက်ကင်းမဲ့နေတယ် ၊ လေသံအတက်အကျပင်မရှိ..
မျက်လုံးအစုံဟာ ရှောင်းကျန့်နှုတ်ခမ်းပါးကို ထိုးဖောက်မတတ်ကြည့်နေ၏ ။ ဒီအကြည့်က ရှောင်းကျန့်ကို တုန်လှုပ်ခြောက်ခြားစေတယ်.. ။
" ge ကိုအဲ့ကောင်က နမ်းခဲ့တယ်မလား ၊ ကျတော်ပဲပိုင်တဲ့ ဒီနှုတ်ခမ်းတွေကိုလေ..''
"  ဝမ်လေးး ..မလုပ် ''
ရိပေါ် ရေစိုဝတ်နဲ့ နှုတ်ခမ်းတွေကို ကြမ်းတမ်းစွာ ပွတ်တိုက်နေတာမို့ ရှောင်းကျန့်နာကျင်နေသည်။ အဆက်အပြတ် ပွတ်တိုက်မှုက သူ့နှုတ်ခမ်းပါးပါးကို သွေးထွက်စေ၏ ၊၊