Extra - 3
5.7K 397 102
သံတိုင်တွေရဲ့လွတ်မြောက်ရာဆီကို ၇ နှစ်ကြာပြီးနောက် ခြေချနိုင်ခဲ့တယ် ။
အမှားတွေကို ပြန်လည်ပေးဆပ်ခဲ့ပြီးပြီဆိုတော့ ယခုကစပြီး တစ်ယောက်သော သူကိုလိပ်ပြာသန့်သန့် ပိုင်ဆိုင်ခွင့်ရတော့မည် ။ ဘဝသစ်စတင်ဖို့ ပထမဆုံးခြေလှမ်းစတင်ရာ အကြောင်းပြချက်ဟာ သူ့ရဲ့သက်ရှိအသည်းညှာ ။
​​မိုးကောင်းကင်ဆီကဖြာကျတဲ့နေရောင်နုနုဟာ သူ့ကိုထောက်ခံနေသလို ခပ်နွေးနွေးထိတွေ့မိတ်ဆက်သည် ။ မျက်လုံးစုံမှိတ်ကာ ကောင်းကင်ထက်မျက်နှာမူကာ သူတစ်ချက်ပြုံးလိုက်၏ ။ထောင်ထဲ နှစ်ပေါင်းများစွာအကျဥ်းချခံထားရသော်လည်း သူဟာ မပြောင်းလဲစွာ ယခင်အတိုင်းခန့်ညှားနေဆဲပင်ဖြစ်သည် ။
ထို့နောက် သူ့နှုတ်ခမ်းပါးက ခပ်တိုးတိုးထုတ်အံလိုက်တဲ့စကားအချို့-
" ငါ ပြန်လာပြီ ယိုဟန် ''
စိတ်ကျေနပ်မှု ရာနှုန်းပြည့်ဆိုတာ သိသာစေတဲ့အသံအနေအထား ။ တစ်စုံတစ်ယောက်ကို သိမ်းပိုက်ဖို့ သေချာနေတဲ့ ယုံကြည်မှု ။
အသင့်ရပ်ထားတဲ့ ကားနက်ဘေးနား လူနှစ်ယောက်ဟာ အသင့်စောင့်ကြိုနေလေသည် ။ ထိုဆီသို့ သူတည်ငြိမ်စွာလျှောက်သွားတော့ အရိုအသေပေးလာကြ၏ ။ ထို့နောက် ကားတံခါးကိုအဆင်သင့်ဖွင့်ပေး​သည် ။
" အကိုလေးယိုဟန်က ဒီ ၇ နှစ်လုံး ဝမ်အိမ်တော်မှာပဲ သူ့သားနဲ့အတူရှိပါတယ် သခင်လေး ၊ ဒါက သခင်လေးခိုင်းစေမှုအတိုင်း ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်ခဲ့တဲ့ ပုံတွေပါ ''
တပည့်ဖြစ်သူ တရိုတသေ ကမ်းပေးတဲ့ ဓာတ်ပုံတွေကို လင်းချန်မင် တစ်ပုံချင်းကြည့်နေမိသည်။
မြတ်နိုးသူဟာ ပြုံးရယ်လို့နေကာပျော်နေသည်ထင်ပါရဲ့ ၊ ဝမ်လုကျိုးနဲ့အတူ စကားတွေဖောင်ဖွဲ့ပြောနေရသည်ကိုပင် သူ့မှာသဘောတကျရှိနေဟန် ။ ကြည့်နေသည့်လူကိုပင် လျှစ်ခနဲ ပြုံးရယ်မိစေသည့် ထိုအပြုံး ။ မျက်ဝန်းတွေမှေးမှိတ်သွားသည်အထိ ရယ်နေရတဲ့အကြောင်းအရင်းက ဘာများဖြစ်သည်လဲ ။
ဓာတ်ပုံတစ်ပုံကတောင် ဒီလောက်အသက်ဝင်လှပနေလျှင် ထိုအပြုံးတွေကို အပြင်လောက၌ အနီးကပ်တွေ့ခွင့်ရမည်ဆိုပါက ဘယ်လောက်တောင် ကံကောင်းလိုက်မည်လဲ ။
You've reached the end of published parts.
⏰ Last updated: Sep 01, 2021 ⏰
Add this story to your Library to get notified about new parts!