13.5K 1.3K 23
ထိုနေ့ည 10 နာရီဝန်းကျင်လောက်မှာ ရိပေါ်လေးပြန်ရောက်လာတယ်။ ရောက်ရောက်ချင်း ကလေးငယ်က စကားမပြောပဲစိတ်ဆိုးနေသဖြင့် ရှောင်းကျန့်မှာ မနည်းချော့လိုက်ရသေးတယ် ။ ပြီးတော့ တစ်ညလုံးအလွမ်းသယ်နေတဲ့ ကိုယ်တော်ချောက တော်တော်နဲ့မအိပ်နိုင်သေးလို့ ရှောင်းကျန့်မှာ ငိုက်မြည်းနေရင်းပင် ဘယ်လိုအိပ်ပျော်သွားမှန်းမသိ ။
ရိပေါ်ကသာ စကားတွေ တရစက် ပြောနေပေမယ့် ge ကတော့ဆိုဖာပေါ် အိပ်ပျော်နေရှာပြီ ။ ဟို မိန်းမရဲ့ ပုံစံခွက်ထဲမှာ ge ဘယ်လောက်တောင်ပင်ပန်းနေရှာမလဲ ၊ ခနလေးပဲစောင့်ပေး ge ၊ ဒီပုံစံခွက်ထဲက ge ကို ဆွဲထုတ်ဖို့ ကျတော်ကြိုးစားနေတယ်၊ ပြီးရင် ကျတော့်လက်ထဲကနေ ge ကိုဆွဲထုတ်ပြီး သူများဆီ ပေးဖို့ပြင်နေတဲ့ ge အမေကို ge ခွင့်လွှတ်ရင်တောင် ကျတော်ခွင့်မလွှတ်ဘူး ၊၊ သူမလုပ်ရက်တွေကို ချပြဖို့ သက်သေတွေရှိတယ်ဆိုပေမယ့် ge ရဲ့အမေဖြစ်နေတာတစ်ခုတည်းနဲ့ သူမသက်သာနေတာ..။ ကျတော့်ဆီက ရှောင်းကျန့်ဆိုတဲ့ ဒီလူသားကို ဆွဲထုတ်သွားဖို့သူစဉ်းစားနေပြီဆိုရင်တော့....။
ဆိုဖာပေါ်က အိပ်ပျော်နေတဲ့ လူသားလေးကို အသာပွေ့ချီရင်း
အိပ်ခန်းဆီသို့ဦးတည်လိုက်တယ်..၊ ခါးသွယ်သွယ်လေးက ရိပေါ် လက်တွေထဲအပြည့် ၊ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးကို အားမရစွာ နောက်နေ့ကစပြီး အစားအသောက်က အစ ရိပေါ်ကိုယ်တိုင် သေချာစီစဉ်ကျွေးမှဖြစ်မယ် ။
အိပ်ခန်းဆီရောက်တော့ တစ်ယောက်အိပ်ပဲ ပြင်ထားတယ် ။ ge က ခွဲအိပ်ဖို့စီစဉ်ထားတဲ့ပုံပဲ ။ ရိပေါ် အလိုမကျစွာ မျက်ခုံးတွေကျုံ့လိုက်မိတယ်... ဒီ ge ge ကတော့ ။ ge ကိုအိပ်ယာပေါ်အသာချရင်း ရိပေါ် ကုတင်ကို တင်ပါးလွှဲ ဝင်ထိုင်လိုက်တယ် ၊ ge ရဲ့အိပ်နေတဲ့ပုံလေးက အေးချမ်းလိုက်တာ ၊ ဘာအပူမပင်မှမရှိတဲ့ ကလေးတစ်ယောက်လိုပဲ ၊ မှေးစင်းထားတဲ့ မျက်ဝန်းပေါ် က မျက်တောင်မွေးလေးတစ်မွှေးချင်းစီကအစ ၊ လှုပ်လီလှုပ်လဲ့ ဟစိစိဖြစ်နေသောနှုတ်ခမ်းပါး တစ်စုံ အဆုံး ပြီးတော့ အဲ့နှုတ်ခမ်းအောက်က စွဲအားပြင်းတဲ့ အနက်ရောင်မှဲ့လေးကတော့ အပိုပေါ့ အရာအားလုံးက ဒီကောင်ကို မူမမှန်အောင် ညို့နိုင်လွန်းတယ်..။ တဖြည်းဖြည်း အကြည့်တွေကို အောက်သို့ လျှောချမိတော့  လစ်ဟာနေတဲ့ အင်္ကျီကျယ် ကျယ်ထဲက လည်သားဖွေးဖွေး... ၊