Chapter -1,အပါယ်ခံဘဝနဲ့ရှောင်းကျန့် (အပါယ်ခံဘဝနဲ့ရှောင်းကျန့်)
38.4K 1.8K 10
Unicode .
ညအချိန်မတော် မြို့ရဲ့လမ်းမကြီးပေါ်မှာ ပုံမှန်မဟုတ်တဲ့အရှိန်နှုန်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီး..
ထိုကားပေါ်မှာတော့ မျက်ရည်တွေ အပြည့်နဲ့လူငယ်
တစ် တီတီ မြည်နေတဲ့ ဖုန်းကိုလျှစ်လှူရှုရင်း မိမိစိတ်ထွက်ပေါက်ရှာဖို့သာ တွေးတောနေရသူ...
မြို့ပြင်ရောက်မှ ကားကို ဘေးသို့ထိုးရပ်ရင်း...
“ ပင်းယောင် ရာ...’’
Xiao Zhan ခပ်တိုးတိုးရေ ရွတ်မိသည်..
ချစ်ရသူကမိမိ ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီး မိမိနောက်ကွယ်မှာ ဖောက်ပြန်နေတာ..
သူက ယောက်ျားလေးတစ်ယောက်ကို ဘယ်တုန်းကမကြိုက်ခဲ့ဘူးတဲ့..
ပြီးတော့ Xiao Zhan ကိုလဲမချစ်ခဲ့ဖူးဘူးတဲ့..
ဒါဆိုဘာလို့များ အရင်ချိန်တွေက အတင်းလိုက်ကပ်ခဲ့လဲ
သူ့အဖြေကတော့ရှင်းပါတယ် Xiao Zhan ရဲ့ ပိုင်ဆိုင်မှုတွေကြောင့်ပဲပေါ့..
“ ငါ..ငါလေ..မင်းကိုအများကြီးယုံကြည်ခဲ့တာပါ
ငါ့ဘဝတစ်ခုလုံးကို ပုံအပ်ပြီးမင်းကို ချစ်ဖို့အထိ ငါစဉ်းစားခဲ့ဖူး
တာ...အားး..ပင်းယောင်..ပင်းယောင်ရာ...’’
တစ်ဦးတည်း ကားပေါ်မှာပေါက်ကွဲနေတဲ့သူ...
ထိုအချိန်..မြည်လာသော ဖုန်းသံ..
Contact name က “ Mom ‘’ တဲ့
ရှောင်းကျန့် မျက်ရည်တွေ ဖိသုတ်ကာ အသံငြိမ်အောင် ထိန်းလိုက်ပြီး...
“Hello Mom ‘’
“ ရှောင်းကျန့်..ဒီအချိန်ထိပြန်မလာနိုင်သေးဘူးလား..”