ဆုံးရှုံးခဲ့ရတဲ့ အတိတ် (ဆုံးရှုံးခဲ့ရတဲ့ အတိတ်)
9.4K 988 41
ခွမ်းး...!!!
" ယို..ယိုဟန်..''
ကြမ်းတမ်းသော ထိုအခြေအနေက ရုန်းထွက်ရန် နီးစပ်ရာ ဝိုင်ပုလင်း ခွံကိုယူကာ လင်းချန်မင်နဖူး ကို ယိုဟန်လွှဲရိုက်လိုက်သည်..။ ရုတ်ရက် ဖြစ်သွားသော အခြေအနေ၌ ယိုဟန်လုပ်ရပ်ကို ချန်မင်ကြောင်အ စွာ ကြည့်နေမိ၏..။
သွေးစိမ့်စိမ့်ကျနေသော နဖူးပြင်က နာကျင်မှုထက် ယိုဟန်လုပ်ရပ်ကြောင့်ရင်ထဲဖြစ်ပွားလာတဲ့နာကျင်မှုက အတိုင်းအစမဲ့..။
" ယိုဟန်..!!! "
အံ့အားသင့်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူကာ လင်းချန်မင်ကို တွန်းဖယ်ပြီး တံခါးဝကို ပြေးထွက်သွား၏ ။ မထင်မှတ်ပဲ ကြမ်းပြင်တွင် မြင်တွေ့ရိုက်ရသည့် သွေးကွက်များနှင့်ခြေရာသည် လင်းချန်မင် အမြင်အာရုံကိုဝေ့ဝါးစေသည့်အထိ စိုးရိမ်စိတ်များ မြင့်တက်ခဲ့သည် ။
" ဒါ...!! ၊ ဟာကွာ..''
နားထင်က သွေးကို ဂရာမစိုက်နိုင်ပဲ ယိုဟန်နောက်သို့သာ ချန်မင်ပြေးလိုက်သွားသည် ။ သို့သော် hotel ရှေ့က ကားတစ်စီးထဲထဲ ပြေးဝင်သွားတဲ့ ယိုဟန်ကြောင့် ချန်မင် မှင်သက်စွာ ရပ်ကြည့်နေမိသည် ။
ဘယ်သူလဲ...??
ဘယ်သူက ရိုဟန်ကို ခေါ်သွားတာလဲ...??
" တောက်..!! မင်းပြေးလို့လွတ်မယ်ထင်လား ယိုဟန် ''
ရင်ထဲ ဝမ်းနည်းခြင်းမမြည်သော ဝမ်နည်းခြင်းက ယိုဟန်ကို စွန့်လွှတ်လိုက်ရမည်ဆိုသော အတွေးပင် ။ တကယ်သာဆိုရင် ချန်မင်ခံနိုင်ရည်ရှိပါ့မလား..။
သူက ယိုဟန်ကို သိပ်ချစ်တာ.....။
မကျချင်ပဲ ကျလာတဲ့ မျက်ရေတွေကို ချန်မင်အပြစ်မမြင်တော့ဘူး ၊ ဒါက ယိုဟန်ရဲ့ အလိုတော် အတိုင်းပဲလေ...
" ဝမ်သခင်ကြီးက သခင်လေးကို စောင့်ကြည့်ခိုင်းထားတာပါ ၊ ကျတော်တို့ နောက်ကျသွားလို့တောင်းပန်ပါတယ် ''
ကားပေါ်ရှိ အနက်ရောင် ဝတ်စုံနဲ့ဝမ်လုကျိုး၏ ကိုယ်ရံတော်ဖြစ်ပုံရသော လူငယ်မှ ယိုဟန်အား တလေးတစား တောင်းပန်လညသည် ။ တော်သေးတာပေါ့ ဒီကောင်လေးတွေရောက်လာလို့ မဟုတ်ရင်များ ချန်မင်လက်ထဲမှာ ယိုဟန်...