12.6K 1.3K 4
ညက ရှောင်းကျန့် ရှယ်ယာ ကစားရင်း မျက်လုံးညောင်းပြီး အိပ်ပျော်သွားမိတယ် ၊၊ ဝမ်လေးနဲ့ ဖုန်းမပြောခင် မျက်လုံးခနနားမယ် စိတ်ကူးထားပေမယ့် မျက်လုံးပြန်ဖွင့်တော့မိုးက လင်းနေပြီ...၊ အလန့်တကြား ဖုန်းယူကြည့်မိတော့ အချိန်က ၈ နာရီထိုးတော့မယ်..ပြီးတော့ ဝမ်လေးက ဖုန်းဆက်တိုက်ခေါ်ထားတာ 99+ ..၊ ဘုရားရေ ဒီကလေး စိတ်ဆိုးနေတော့မယ်..
မိမိအနားမှာသာရှိရင် နှုတ်ခမ်းဆူပြီး စိတ်ဆိုးနေတော့မယ့် ဝမ်လေးအကြောင်းတွေးတော့ လူက စိတ်လိုလက်ရ ပြုံးလိုက်မိတယ်..။
ဘယ်လောက်များချစ်စရာ ကောင်းလိုက်မလဲ....။
Message တွေကလဲတန်းဆီနေရော..
💬 ge ကျနော် ဖုန်းခေါ်နေတယ်လေ..
💬ဘယ်ရောက်နေလို့လဲ ပြီတော့ဘာလုပ်နေတာလဲ
💬ကျတော့်ကိုမလွမ်ဘူးလားလို့..
💬နေမကောင်းလို့များလား..၊ ဖုန်းကိုင်ပါ ge ရာ
💬 ကျတော်တကယ်စိတ်ပူနေပြီ..
💬 ge...
💬ge...
ရိပေါ် ပို့ထားတဲ့စာတွေက အများကြီး ၊ ဖုန်းကို Silent လုပ်ထားမိတာ ရှောင်းကျန့်ရဲ့မဟာအမှားကြီး..၊ ဒီကလေး ကို ရှောင်းကျန့် စိတ်ပူအောင်လုပ်မိသွားတာပဲ..။
ဒီကလေး မိမိ ကို တကယ်စိတ်ဆိုးနေရော့မယ်...။
ဆက်တွေးမနေတော့ပဲ ဝမ်လေး ဖုန်းနံပါတ်ကို နှိပ်လိုက်တော့ဒူ..ဆိုတဲ့ ဖုန်းဝင်သံကို နှစ်ခါမကြားရ....
" ge ညက ကျတော်ဖုန်းခေါ်တာကို ဘာလို့မကိုင်တာလဲ ၊ ဘာလုပ်နေလို့လဲ ၊ ကျတော် ဖုန်းခေါ်ရင် ကိုင်ရမယ်လို့ပြောထားတာကို..၊ နေမကောင်းလို့များလားဆိုပြီး ကျတော် ဘလောက်စိတ်ပူသွားလဲ ge သိလား ၊ ကျတော့ကို ဖုန်းလြဲပန်မဆက်ဘူး ၊ စာလဲမပြန်ဘူး..၊ နေနိုင်လိုက်တာ ge က ''
နောက်ဆုံးမှာ တိမ်ဝင်သွားတဲ့အသံအနေအထားအရ ဒီကလေး ဘလောက်စိတ်ပူသွားလဲ ရှောင်းကျန့် ရိပ်မိတယ်..။
ဝမ်လေးက မိမိနဲ့ပတ်သတ်ရင် တဖြည်းဖြည်း ထိခိုက်လွယ်လာတယ်..၊ ကြာတော့ ဒီကလေးအားနည်းချက်က မိမိ များလားဆိုတဲ့ သံသယ ဝင်မိတယ်..၊ ဂုဏ်ယူစွာတော့ ရှောင်းကျန့် မတွေးမိ..၊ ကလေးငယ်မှာ အားနည်းချက်ရှိကောင်းရှိနိုင်ပေမယ့် မိမိတော့မဖြစ်ချင်..၊ ဒီကလေးက ဘာအားနည်းချက်မှမရှိသင့်ဘူး...။