အဆုံးသတ်ရဲ့အစ( အဆုံးသတျရဲ့အစ)
10.3K 1K 27
ရှောင်းကျန့်အဖေကို ဒီ Hotel မှာပဲ ဖွက်ထားတာ ၁ လလောက်ရှိရော့မယ် ၊ ဝမ်လုကျိုးနဲ့ရိပေါ်နှစ်ယောက်ပဲသိထားတာဖြစ်တယ်..၊ မိမိသားဖြစ်သူကို ယိုဟန်က ရှောင်းကျန့်အဖေဖြစ်ကြောင်းပြောပြမိတော့လဲ သားဖြစ်သူမှာ အံ့သြခြင်းအလျှင်းမရှိပေ..။ ဒီကိစ္စကို သိနှင့်နေပြီးသားလားလို့တောင် လုကျိုးသံသရဝင်မိတယ်..။
ဒီအတောအတွင်း ရှောင်းရန့်ကျူး ထွက်ပြေးဖို့ကြံနေတာကြောင့် လူလွှတ်စောင့်ကြည့်ထားရသေးတယ် ။ နောက်ထပ် အနှောင့်အယှက် တစ်ခုကတော့ လင်းချန်မင်ပဲ ယိုဟန်ကို အပူတပြင်းလိုက်ရှာနေတာ ၊ ဝမ်လုကျိုး အတွက် လင်းချန်မင်ကို ဒီအခြေအနေက ဖြုတ်ချဖို့ဆိုတာ သက်သေလိုအပ်တယ် ။ ရှောင်းရန်ကျူး နဲ့မတူတာတစ်ခုကတော့ လင်းချန်မင်ဟာ ဘာလုပ်လုပ် အပိုင်လုပ်တာပဲ.. ၊၊ သက်သေတစ်ခုတောင် မကျန်အောင် လုပ်နိုင်တာကတော့ ချီးကျူးစရာပေါ့...။
ဝိုင်ခွက်ကို အနည်းငယ် ခါရမ်းပြီး အတွေးတွေက တရက်စက် တွေးမိနေတုန်း...။
အခြေအနေတွေက ရှုပ်ထွေးတယ်..။
သူတစ်ယောက်တည်းဖြေရှင်းရမှာက သိပ်ပျင်းဖို့ကောင်းတော့..၊ သားကို ပြန်လာခဲ့ဖို့ပြောရဦးမယ်..။
" သခင်မ ဝင်လို့မဖြစ်ပါဘူး ၊ သခင်ကြီးကို ကျတော် သွားပြောပေးပါမယ် ၊ ဒီမှာပဲစောင့်နေပေးပါ..''
" ငါ့ယောက်ျားပိုင်တဲ့ Hotel ကိုတောင် ငါဝင်ခွင့်မရှတော့ဘူးလား..၊ မင်းဖယ်စမ်း ငါ့ဘာသာ ဝင်သွားမယ် ''
ရှောင်းရန့်ကျူးတစ်ယောက် Hotel ရောက်နေပေမယ့် Hotel မန်နေဂျာက ဝင်ခွင့်မပေးဘူးဖြစ်နေတယ် ၊ဒီဝမ်လုကျိုးက သူ့နောက်ကို လူလွှတ်ပြီးကြည့်ခိုင်းထားတယ် ၊ ဘာရည်ရွယ်ချက်လဲ ၊ သူ့လက်ထဲမှာ သက်သေအစုံရောက်နေပေမယ့် ဘာလို့ ဘာမှမလှုပ်ရှားသေးတာလဲ..၊ နောက်ထပ်အစီအစဉ်တစ်ခုခုထပ်ရှိနေတာလား..။
" သခင်ကြီးက ဧည့်သည်ရောက်နေလို့ ဘယ်သူ့ကိုမှဝင်ခွင့်မပေးထားပါဘူး..''
ဧည့်သည်..??
ဝမ်လုကျိုးက Hotel မှာ ဧည့်သည်တွေ့နေကျအကျင့်မရှိပါဘူး..။