အိုး,,,,မေ့နေလိုက်တာ.....ကျွန်မ အခုချိန်ထိ ဇင်ဘာကြောင့် အိမ်ပြန်သွားရတာလဲဆိုတဲ့ အကြောင်းကိုမမေးရသေးဘူးဘဲ။
ဇင်ရောက်တာနဲ့ မေးမယ်လို့လုပ်ထားတာ အခြေအနေတွေကရှုပ်ထွေးသွားတော့ ကျွန်မအခု မှဘဲမေးဖို့သတိရတော့တယ်လေ။
"ဇင်,,,?"
"ပြောလေ နွေး"
"ဟို,,,ငါ့ကို စပ်စုတယ်လို့တော့မထင်နဲ့နော်။အဲ့နေ့က ဦးလေးကိုဇင့်မေမေပြောသွားတာလေ...အိမ်မှာအရေးတကြီးကိစ္စရှိလို့ ဇင့်ကိုခဏပြန်ခေါ်ထား တယ်ဆိုတာ?"
ကျွန်မမေးခွန်းက ကောင်းကောင်းမွန်မွန်နဲ့ အဆုံးမသတ်ရသေးပေမယ့် ဇင်က ချက်ချင်းနားလည်လိုက်ပြီထင်ပါတယ်။
ကျွန်မသိချင်တဲ့ ကိစ္စတစ်ခုရဲ့ အကြောင်းအရင်းကိုပြန်ဖြေလာတယ်လေ။
"ငါ့ရဲ့အဖွား အရေးတကြီး ဆေးရုံတက်လိုက်ရလို့လေ။အဲ့နေ့ညနေက ပြည့်မြင်လိုက်ရတဲ့သူဆိုတာက ငါ့အကို၀မ်းကွဲဘဲ"
"ဇင့် အကို၀မ်းကွဲ?"
"အွမ်း,,,,သူနဲ့ငါနဲ့က အဆက်အသွယ်မရတာတော့ နဲနဲကြာနေပါပြီ။ဒါပေမယ့် အဲ့နေ့ညနေကတော့ အဖွားဆေးရုံတက်နေရတယ်ဆိုတဲ့အကြောင်းငါ့ကိုပြောပြရင်းနဲ့ ပြန်ဆုံကြတာ။"
"ဒါဆို ဇင့်အဖွားရော အခုကျန်းမာရေးပြန်ကောင်းသွားပြီလား"
"အင်း ကောင်းတော့ကောင်းနေပါပြီ။ဆရာ၀န်ကလည်း စွဲသောက်ရမယ့် ဆေးတွေအများကြီး ပေးလိုက်တယ်လေ"
"အော်,,,,ဒါနဲ့လေ ဇင်က အဖွားကိုတော်တော်ချစ်ပုံဘဲနော်,,,ချက်ချင်းကြီးကို ကောက်ကာငင်ကာ လိုက်သွားတယ်ဆိုတော့"
"ဟုတ်တယ်၊ အမှန်အတိုင်းပြောရရင် ငါ့မိဘတွေထက်တောင် အဖွားကိုပိုခင်တွယ်ပြီးချစ်သေးတယ်။ မိဘတွေကအလုပ်ကိစ္စတွေနဲ့ငါ့ကိုဂရုမစိုက်အားရင် တောင် အဖွားကတော့ ငါ့ကိုအမြဲဂရုစိုက်ခဲ့တာ။တကယ်တော့ အဖွားက ပါးပါးတို့မားမားတို့ထက်တောင် အလုပ်များတဲ့သူတစ်ယောက်လေ။ဒါပေမယ့် သူဘယ်လောက် အလုပ်ရှုပ်ပါစေ ငါ့ကိုဂရုစိုက်ဖို့တော့ သူလုံး၀မမေ့ခဲ့ဘူး။ ငယ်ငယ်ကတည်းက အဖွားကို ကျန်းကျန်းမာမာသွက်သွက်လက်လက်နဲ့ပုံဘဲမြင်ခဲ့ရတာဆိုတော့ အဲ့နေ့က အဖွားလဲကျပြီး သတိမေ့လို့ဆေးရုံတင်ထားရတယ်လို့လည်းကြားရော ငါအဖွားကိုအရမ်းစိတ်ပူသွားခဲ့တယ်။ ငါ့ကိုချစ်ပြီး အမြဲတစေကာကွယ်ပေးနေကျအဖွားက ဒီလိုဖြစ်သွားတယ်ဆိုတော့ ငါ့စိတ်ထဲမှာ အဖွားရှိတဲ့နေရာကိုမြန်မြန်ရောက်ချင်စိတ်ကလွဲပြီး ကျန်တာတွေဘာမှမရှိတော့ဘူး။ဆေးရုံ ရောက်တော့လည်း အဖွားဘေးမှာနေရင်းပြုစုလုပ်ကိုင်ပေးနေတာနဲ့ နွေးကိုလည်း ငါလှမ်းပြီး မပြောပြဖြစ်တော့တာ။အမှန်ဆို နွေးစိတ်မပူအောင် ငါအကျိုးအကြောင်းပြောပြခဲ့ရမှာ။အဲ့လို ပြောပြမှလည်း နွေးအခုလိုမျိုး စိတ်ပူပြီးနေမကောင်းမဖြစ်ခဲ့မှာလေ။အဲ့တာကြောင့်မို့ နွေးကို ငါတောင်းပန်ပါတယ်။"
Part-20(Uni)
Start from the beginning