နောက်ပြီး အဘွားမြေးလေးရဲ့ ဖြူစင်သန့်ရှင်းမှုကိုလည်း အဘွားယုံကြည်တယ်။"

"ဒါဆို,,,အဘွားက"

"ဟုတ်တယ်၊ အဘွား အဲ့တုန်းက မြေးလေးကိုပြောခဲ့တယ်ဆိုတာ တကယ်စိတ်ဆိုးလို့ပြောခဲ့တာ မဟုတ်ဘူး။အဘွား သူတို့ကိုမယုံလို့ ,,,သူတို့မြေးလေးအပေါ်လုပ်ထားတဲ့ လုပ်ရပ်တွေကို သူတို့ကိုယ်တိုင်ထုတ်ပြောလာအောင်လုပ်ချင်လို့ အဘွား မြေးလေးကို စိတ်ဆိုးဟန်ဆောင် ခဲ့တာ"

အဘွားအိုရဲ့ စကားအဆုံးမှာ ၀မ်းနည်း၀မ်းသာစွာနဲ့ အငိုမရပ်နိုင်ခဲ့တဲ့ကောင်မလေး။

အခုအချိန်ထိ သူမအပေါ် မေတ္တာမပျက်ခဲ့တဲ့ အဘွားကို ထိုကောင်မလေး လွန်စွာမြတ်နိုး ကျေးဇူးတင်မိသည်။

အဘွားအိုကတော့ မြေးဖြစ်သူ အငိုသန်လေးကို ရင်ခွင်ထဲထည့်ရင်း ကျောပြင်ကိုခပ်ဖွဖွပုတ်ပေးနေပါတယ်။

ငယ်ငယ်ကတည်းက အဘွားရင်ခွင်ထဲမှာထိုင်ရင်း ဆော့ကစားခဲ့တဲ့အချိန် ရနေကျရနံ့လေးရယ် ၊ ဒီအချိန်ထိ သူမဘက်ကနေ အမြဲကာကွယ်ပေးခဲ့တဲ့ အဖွားရဲ့သူမအပေါ် ထားတဲ့ အချစ်တွေ ကြောင့် ငိုနေတဲ့ကြား၌ပင် ပြုံးနေမိတဲ့ ကောင်မလေး။

ထိုအဘွားအိုနှင့် မြေးမလေး တို့ရဲ့ကြားမှာ အတိတ်တစ်ချိန်က ဘာကိစ္စတွေဘယ်လိုဖြစ် ခဲ့မှန်းမသိနိုင်ပေမယ့် အခုအချိန်မှာတော့ မြေးအဘွား နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပြတင်း တံခါးနားမှာ ခဏနားနေတဲ့ ငှက်ကလေးတွေကတောင် ခံစားသိရှိလို့ရနေခဲ့ကြပါသည်။

.

.

ဆယ်ရက်လောက် နွေးနေခြည်တို့နဲ့အဆက်အသွယ်ပြတ်ပြီးနောက်မှာတော့ အဆောင်သို့ ၀င့်ဖူးသဇင်ပြန်ရောက်လာခဲ့သည်။

ပြန်လာပြီဖြစ်ကြောင်း အဆောင်မှူးဦးလေးကို ၀င်အသိပေးပြောလိုက်လေတဲ့အခါ အဆောင်မှူးဦးလေးထံမှ အဆစ်ကြားလိုက်ရသည့် စကားက "နွေးနေခြည်လည်း နေမကောင်းဖြစ်လို့ ဒီနေ့ကျောင်းမသွားနိုင်ဘူးတဲ့"လေ။

ကြားကြားချင်းဦးလေးကိုနှုတ်ဆက်ပြီး မိမိအခန်းရှိရာသို့ ၀င့်ဖူးသဇင် အလောတကြီးလျှောက်လာခဲ့သည်။

One and onlyWhere stories live. Discover now