ထိုးရဲရင် ထိုးကြည့်လိုက်ပေါ့အထာနဲ့ လက်ပိုက်ရင်း ခေါင်းကိုမော့ကာ မထီမဲ့မြင်အထာနဲ့ ပြည့်သိင်္ဂီရဲ့ ‌ဒေါသကိုဆွနေတဲ့ နွေးနေခြည်။

တကယ်တော့ သူတို့နှစ်ယောက်က အတန်းပြီးသွားတာတောင် အဆောင်ကိုမပြန်ကြသေးဘဲ ၀င့်ဖူးသဇင်ရဲ့ အတန်းနားသွားကာ စောင့်ရင်း စကားစစ်ထိုးနေကြခြင်းပင်။

"နွေးနဲ့ ပြည့်ကို အားနာလိုက်တာ။စောင့်ရတာတော်တော်ကြာသွားတယ်မလား?"

"ရပါတယ်ဇင်ရယ်,,,ငါတို့လည်း အဆောင်မပြန်ချင်သေးလို့ပါ။ဒီလောက်စောင့်ရတာကိုတော့ ဇင် စိတ်ထဲထားမနေနဲ့နော်"

*အမလေး...ရုံးပတီသီး ပက်ကျိတက်တဲ့မျက်နှာထားနဲ့ပြောနေပြန်ပြီ

အမြင်ကိုကပ်တယ်.....ဒီနေခြည်မကို ကိုးရီးယားကားထဲကလို ကြက်ဥနဲ့ပေါက်ပြီး ဂျုံမှုန့်နဲ့ ကိုယ်ပေါ်လောင်းချရင်တောင် ငါ့ဒေါသက ပြေမှာမဟုတ်ဘူး။ ဟွန့်,,,

"ပြည့်,,,နေရောကောင်းရဲ့လား? ကြည့်ရတာ မျက်နှာတွေရဲနေသလိုဘဲ"

"နေကတော့ကောင်းပါတယ် အချောလေးရယ်။ဒါပေမယ့် စိတ်ကတော့ လုံး၀မကောင်းဘူး"

"ဟင်,,,ဘာဖြစ်လို့လဲဟင်"

"အဲ့မှာလေ...နေခြည်မပေါ့ ပြည့်ကို အနိုင်ကျင့်ပြီး အမျိုးမျိုး စိတ်တိုအောင်လုပ်နေတာ။ ပြီးတော့ ပြည့်ကို ရောပျော်မကြီးဆိုပြီးတော့လည်း ပြောတယ်။နောက်ပြီး ပြည့် ရဲ့မုန့်တွေကိုလည်း ပြည့်မသိအောင် ခိုးစားတယ်။ အဟင့်ဟင့်"

*ဒေါ်ပြည့်သိင်္ဂီရယ်,,,,နင်ဒီလောက်မူယာမာယာများပြီး မျက်ရည်စက်လက်ပုံစံနဲ့ ပြောလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားဘူး။

အောင်မလေး,,,,နွေးနေခြည်တို့ကတော့ မြွေပွေးကို ခါးပိုက်ပိုက်မိတဲ့အဆင့်ဖြစ်နေပါပြီလားနော်။

"နွေးရယ်,,,ဘာဖြစ်လို့ ကိုယ့်သူငယ်ချင်းကို ၀မ်းနည်းအောင်စရတာလဲ?"

"ဟိုလေ...ဇင် ငါရှင်းပြပါ့မယ်နော်။ ငါက ပြည့်ကို၀မ်းနည်းအောင် တမင်စတာမဟုတ်ပါဘူး။ပြီးတော့ မုန့်တွေကို မသိအောင်ခိုးစားတာလည်းမဟုတ်ပါဘူး။ သွားပေးတဲ့အချိန် ပြည့်မရှိလို့ ငါစားလိုက်တာပါ။တစ်မျိုးမထင်ပါနဲ့ ဇင်ရယ်,,,နော်"

One and onlyDonde viven las historias. Descúbrelo ahora