တကယ့်လက်တွေ့မှာလည်း ဇင့်လက်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတာဘဲ။
ဘုရား..ဘုရား,...ကျွန်မဘယ်လိုလုပ်ရက်တွေကိုလုပ်မိလိုက်တာလဲ။ ဇင်တော့ ကျွန်မကို စိတ်ဆိုးသွားရင် ဒုက္ခပါဘဲ။
"ဇင်..ဇင်..ငါတောင်းပန်ပါတယ်။ စိတ်မဆိုးပါနဲ့နော်။ ငါ တမင်ရည်ရွယ်ပြီးအခုလိုလုပ်တာမဟုတ်ပါဘူး"
"အင်း...မဆိုးပါဘူး"
"ဟို,,,ဇင်က ဘယ်အချိန်ကတည်းက အဆောင်ရောက်နေတာလဲဟင်?"
"လေးနာရီခွဲလောက်ကတည်းကထင်တယ်"
"လေးနာရီခွဲ...အခုကငါးနာရီတောင်ထိုးနေပြီ။ဒါနဲ့လေ ဘယ်လိုဖြစ်ပြီး ငါ ဇင့်လက်ကို ကိုင်ထားမိတာလဲဟင်"
"ငါအဆောင်ရောက်ပြီး အခန်းထဲ၀င်လာတော့ နွေးကစောင်မခြုံဘဲ ဒီအတိုင်းအိပ်နေတာလေ။ အဲ့တာနဲ့ ငါလည်း ပစ္စည်းတွေကို ကုတင်ပေါ်တင်ထားပြီး နွေးကိုစောင်ခြုံပေးနေတုန်း နွေးကနိုးလာပြီး 'ဇင် ရောက်ပြီလား.."လို့ မေးတယ်လေ။အဲ့တာ ငါက ရှင်းပြနေတုန်းရှိသေး ငါ့လက်ကို ရုတ်တရက်ကြီးကိုင်တော့တာဘဲ။"
"ဟုတ်လား,,,အမှန်တော့လေ အဲ့တုန်းက ငါမနိုးသေးဘူး။အခုမှနိုးတာ...။ဒါဆိုရင်လေ ငါက ဇင့်လက်ကိုကိုင်ထားတာ နာရီ၀က်လောက်ရှိတော့မှာပေါ့နော်"
"အွမ်း...ဘာဖြစ်လို့ အဲ့တာမေးတာလဲ"
"အော်..ဘာမှမဖြစ်ပါဘူး။ငါ့ကြောင့် ဇင် ပစ္စည်းတွေ ဘာမှနေရာမချရသေးဘူးဆိုတော့ ငါကူလုပ်ပေးမယ်လေ"
"အင်း..."
*ငါက အိပ်မက်ထင်နေတာ။
တကယ်တော့ လက်တွေ့မှာ ဇင့်လက်ကလေးကို ကိုင်ထားရတာဘဲ။ ပြီးတော့ နာရီ၀က်ကြီးတောင် ကိုင်ထားရတာ။
ဒါက ငါ့အတွက်တော့ တော်တော်ကိုကံကောင်းမှုတစ်ခုဘဲ...ပျော်လိုက်တာ
.
.
"ဇင် အနွေးထည်တွေအများကြီးယူလာတာဘဲ"
"ဟုတ်တယ်။ ငါက အရမ်းအေးတတ်လို့လေ။အဲ့တာကြောင့်မို့ အနွေးထည်တွေကြီးဘဲ စုထည့်လာတာ"
Part-13(Uni)
Start from the beginning