တကယ်လို့ သူ့ဘက်က ထုတ်မပြောဘူးဆိုရင်တောင် သူထုတ်ပြောလာအောင် ကျွန်မဘက်ကတော့ ကြိုးစားရတော့မှာမဟုတ်လား။

အင်း..အခုတော့ ကျွန်မဘက်ကို ကျောပေးပြီး ရှစ်နာရီမထိုးခင်ကတည်းက အိပ်ရာဝင်သွားတဲ့ သူ့ကို ကျွန်မဘယ်ကနေ ဘယ်လိုစကားစရမလဲ စဉ်းစားမရတော့ဘူး။

.

.

*ရေဆာလိုက်တာ...

၇နာရီလေးဆယ်လောက်ကတည်းက စိတ်ရှုပ်ရှုပ်နဲ့ ကျွန်မအစောကြီး အိပ်ရာဝင်ခဲ့တာ။

ကိုးနာရီခွဲလောက်ကျတော့ ရေဆာလို့နိုးလာခဲ့တယ်။

*ဇင်ရော အိပ်သွားပြီလားမသိ။

အင်း...မီးတွေမှိတ်ထားပုံထောက်ရင်တော့ အိပ်နေပြီထင်တယ်။

ဇင့်ကို မျက်လုံးချင်းမဆိုင်ရဲတာနဲ့ အိပ်ရင်တောင် ဇင့်ဘက်ကိုကျောပေးပြီး အိပ်နေခဲ့ရတဲ့ ကျွန်မ။

ဇင် အိပ်လောက်ပြီလို့ ထင်မှ ကိုယ်ကို ဖြည်းဖြည်းချင်းလှည့်လိုက်တော့။

"ဇင်..!!!!."

"အင်း..နင် အခုတော့ ငါ့နာမည်ခေါ်ပြီပေါ့"

ဒါက ဘယ်လိုအခြေအနေကြီးလဲ?

အခန်းမီးတွေပိတ်ထားတော့ ဇင့်ကိုအိပ်ပြီထင်ထားတာ။အခုတော့ ဇင်က မအိပ်သေးဘဲ ကုတင်ပေါ်မှာ ငုတ်တုပ်လေးထိုင်ပြီး ကျွန်မကို ကြည့်နေတာတဲ့လား။

နေပါဦး...ဇင်က ကျွန်မကို ကြည့်နေတာရော ဟုတ်ပါ့မလား။ပြီးတော့ အခု ဇင်က ကျွန်မကို 'နွေး'လို့လည်းမခေါ်ပါလား။

"နင် ဘာလုပ်မလို့ ထလာတာလဲ?"

"ဟင်...ဟို...‌ရေသောက်မလို့ပါ"

"အင်း...နင်ထိုင်နေ...ငါခပ်ပေးမယ်"

ဇင်က အခု ကျွန်မ သောက်ဖို့ ရေခပ်ပေးနေတယ်။ မဟုတ်သေးပါဘူး...ကျွန်မ အိပ်ရာကနေ မနိုးသေးဘဲ အိပ်မက်များမက်နေတာလား။

"နင် ရေဆာလို့ဆို..မသောက်ဘူးလား"

"ဟမ်..သောက်..သောက်မှာပါ"

အိပ်မက်လား တကယ်လား ကျွန်မမစဉ်းစားတတ်တော့တဲ့အတွက်ဇင်ကမ်းပေးတဲ့ ရေခွက်ထဲက ရေတွေကိုသာ တစ်ကျိုက်ထဲ မော့သောက်ပစ်လိုက်တော့တယ်။

One and onlyWhere stories live. Discover now