"ဩော်..Jungkook "

သူ့ကိုမြင်တော့ Jungkookပုံစံက နည်းနည်းလေး
အံဩသွားပုံပဲ။
ပြီးတော့ သူ့ကိုခေါင်းတစ်ချက်ငြိမ့်ပြတယ်။

သူ့ရှေ့မှာပဲ ငွေရှင်းပြီးတော့
Jungkookကချက်ချင်းထွက်သွားသည်။

Jiminကတော့ ပါးစပ်အဟောင်းသားနဲ့
ကျန်ခဲ့တော့သည်။
Jungkookက သူ့အပေါ် ဘယ်တုန်းက
ဒီလောက်ထိ ခါးခါးသီးသီးဖြစ်သွားတာပါလိမ့်။
ခေါင်းလေး တစ်ချက်ငြိမ့်ပြပြီး
ပြန်တောင် မနူတ်ဆက်သွားတဲ့
သူကို Jiminနားမလည်နိုင်တော့ပါ။

တကယ်ပါ Jimin အရင်ဘဝက
ဘာတွေများ သူများအပေါ်မကောင်းတာ လုပ်ခဲ့လို့လဲ။
ဒီဘဝမှာ ဘယ့်သူအပေါ်မှ မကောင်းတာ မလုပ်ဖူးတာတော့
သေချာသည်။

Jungkookဘေးက ကောင်မလေးချောချောလေးကရော
ဘယ်သူလဲ??သူ့ရည်းစားများလား?

သူအပြန်လမ်းမှာ တော့ပိုကီထုတ်လေး
နှစ်ထုတ်ကိုဆွဲရင်း
လေးလံသောခြေလှမ်းများဖြင့်
အိမ်ပြန်လမ်းကို လျှောက်လှမ်းနေသည်။
အတွေးထဲမှာလဲ
သူ့အပေါ် Jungkookလုပ်သွားသော
အရာများကိုတွေးရင်းနဲ့။

သူကငါ့အပေါ်မုန်းနေတာများလား?

ရည်းစားရသွားလို့
သူ့ကိုအဆက်သွယ်မလုပ်တော့တာများလား?

Jiminအဲ့လိုတွေးလိုက်ရင် ရင်ဘက်ထဲကနာသည်။
အသက်ရူတောင်မဝချင်တော့သလိုခံစားရသည်။
မြှားတွေအချက်ပေါင်းများစွာ လာစိုက်နေသလိုမျိုး။

သူလဲ ဘာမှမလုပ်ပါပဲနဲ့ Jungkookကသူ့အပေါ်
ဘာလို့ ထိုကဲ့သို့ဆက်ဆံရသလဲ သူမတွေးနိုင်တော့ပါ။
သူဘာအမှားတွေလုပ်မိလို့လဲ?
သူကဘာဖြစ်နေလို့လဲ?
မိန်းမတစ်ယောက်ကြောင့်မို့လို့
သူ့နဲ့ နမ်းခဲ့တာကို နောင်တရတယ်ဆိုရင်တောင်
အနည်းဆုံးတော့ သူတို့မှာ
သူငယ်ချင်း သံယောစဉ်လေးတော့ကျန်
လောက်ပါရဲ့။ ဒါပေမဲ့
Jungkookရဲ့အပြုမူတွေက တကယ်ကို...။

သူ့မျက်လုံးထဲက မျက်ရည်တစ်စက်က
သူတောင်မထိန်းလိုက်နိုင်ပဲ ကျလာတော့သည်။
လမ်းမကြီးအလည် နေ့စဉ် တဒူတဝကို သာမန်အတိုင်း
ဖြတ်သန်းလျှောက်လှမ်း၍ အလုပ်များနေသော
လူအများကြား သူတစ်ယောက်ကတော့
လမ်းလျှောက်ရင်း မျက်ရည်များတွင်တွင်ကြီးစီးကျကာ
ငိုနေသည်။

Magic In The MoonlightWhere stories live. Discover now