1❤

30.2K 1.2K 8
                                    

" ဘာပြောတယ်.....လက်ထပ်ရမယ်...မဖြစ်နိုင်တာ..."

"မဖြစ်နိုင်လို့မရဘူး ဒါ ငါတို့ ဝမ်မျိုးနွယ်ရဲ့ ထုံးတမ်းအစဉ်အလာပဲ..ဖောက်ဖျက်ရင် ကျိန်စာမိလိမ့်မယ်"

"ဟာ့...ဒီခေတ်ကြီးမှာ ဒါတွေကို ယုံသေးတာလား...မားတို့က"

"မယုံလို့မရတဲ့ သာဓက တွေ ရှေ့မှာ အများကြီးပဲ....လုပ်ပါ သားရယ်...မားတို့ကို ဒီတစ်ခါပဲကျေးဇူးဆပ်စမ်းပါဟယ်....ငါတစ်သက်လုံးတင်ကျွေးဆို တင်ကျွေးထားပါ့မယ်...တကယ် လက်ထပ်တာမှ မဟုတ်တာ...ရိုးရာဓလေ့အတိုင်း လုပ် ပြီးရင် တစ်လ နှစ်လလောက် စတိနေပြီး ရင် ရပါပြီဟယ်.."

"ဟာ..မဖြစ်ဘူး...မဖြစ်ဘူး...ဘယ်လိုလုပ် ပြီး သားက ယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ရမှာလဲ...မဖြစ်နိုင်လိုက်တာ....သားက အာ့လိုမျိုးတွေ မရဘူးနော်..မရဘူး..မလုပ်ဘူး...မလုပ်ဘူးဆို မလုပ်ဘူးပဲ..."

"ဟဲ့...အော်..ပြောရခက်ပါဘိ....ဒီကလေးနှယ်...မားပြောတာ သေချာနားမထောင်ဘူး...ဒီမှာ...မား ထပ်ပြောပြမယ်...ဒီလို လုပ်တာဘယ်သူမှသိစရာမလိုဘူး...မျိုးနွယ်စု နှစ်ခုကြားက ကတိကဝတ် နဲ့ ကျိန်စာ ပြန်ဖြေတဲ့သဘော မို့ စတိလောက်ပါပဲဟယ်....ယတြာ ချေ သလိုပါပဲ...ပြီးတော့ နှစ်ဘက်လုံး ယောကျာ်းလေးတွေဆိုတော့ ပိုတောင် မျက်နှာ နာစရာ မရှိဘူး....မိန်းကလေးဆိုရင်တောင် အားနာရအုံးမယ်...ခုဆို နင်တို့နှစ်ယောက် ဘယ်သူမှ မသိအောင် ရိုးရာအတိုင်းစတိ လက်ထပ်..ပြီးရင် နှစ်ယောက်လုံး ဘော်ဒါတွေလို အိမ်တစ်အိမ်မှာတူတူနေ....နှစ်လလောက်နေပြီး ရိုးရာအတိုင်း ကွာရှင်း.. ကဲ ဘယ်လောက်လွယ်လဲ...ပြီးတော့ နင် ဒီပွဲမှာ မုန့်ဖိုးတွေရမယ့်အပြင် နှစ်လလောက် ငါ့အော်သံတွေမကြားပဲ အိမ်တစ်လုံးမှာ လွတ်လွတ်လပ်လပ်နေရမှာနော်...ပြီးရင် မား က သားလိုချင်တဲ့ ဆိုင်ကယ်ဝယ်ပေးမယ်လေ...နော်"

မက်လောက်စရာ မက်လုံးတွေ ကြီးမို့ ဝမ်ရိပေါ်တစ်ယောက် စဉ်းစဉ်းစားစား ပြန်ဖြစ်သွားသည်....

"ဒါ ..ဒါ ပေမယ့် အန်နာ သိသွားရင်ရော..."

"အား ရို.....အန်နာကခု နိုင်ငံခြားပညာတော်သင် သွားနေတာပဲဟာ....တစ်နှစ်လောက်ကြာမှာပဲလေ...ဒီနှစ်လလောက်က သူလည်း မသိပါဘူး...စိတ်ချစမ်းပါ....အန်နာ့ ကို မားတာဝန် ပဲထားလိုက်...ဟုတ်ပြီလား...."

Backwards ( complete )Where stories live. Discover now