*အင်း...ဒီနှစ် ပြောင်းလာတဲ့ အခန်းဖော်အသစ်နဲ့ ငါ့တူမလေး အဆင်ပြေပါ့မလားလို့တွေးနေတာ....အခုတော့ တူမလေးက အဲ့ကလေးမလေးကိုပါ အိမ်လိုက်ခဲ့ဖို့ ခေါ်တာဆိုတော့ တော်တော်ကိုရင်းနှီးနေကြပြီထင်တယ်။
ကောင်းပါတယ်လေ .... ကလေးမလေးတွေ အခုလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် နေကြတာမြင်တော့ ငါလည်း စိတ်ချမ်းသာရတာပေါ့။
.
.
သောကြာနေ့ညတုန်းက ဇင်ကအဖေဖြစ်သူကို ကျွန်မအိမ်ကို လိုက်လည်မလို့ရမလားလို့ မေးနေတဲ့အချိန်တုန်းက မေးတဲ့ဇင်ကတော့ မသိဘူး။
ကျွန်မကတော့ ဘေးကနေ နားထောင်နေရင်း စိတ်တွေလှုပ်ရှားနေခဲ့ရတာလေ။ဇင့်ရဲ့အဖေက လိုက်သွားလို့ရတယ်လို့လည်း ပြောလိုက်ရော ကျွန်မမှာ ပျော်လွန်းလို့ ထပြီးခုန်ပေါက်လိုက်ချင်စိတ်တောင်ပေါက်သွားတယ်။
ဒါပေမယ့် အခုချိန်မှာတော့ ကျွန်မ ရင်ခုန်သံတွေမြန်နေလွန်းလို့ ငြိမ်ငြိမ်လေးဘဲထိုင်နေရပါတယ်။
အကြောင်းအရင်းကတော့ ကျွန်မကုတင်ပေါ်မှာထိုင်ရင်း ကျွန်မရဲ့ ဓာတ်ပုံအယ်ဘမ်ကို စိတ်၀င်တစားကြည့်နေတဲ့ ဇင့်ကြောင့်ပါ။
"နင် ငယ်ငယ်က ချစ်စရာလေးဘဲနော်"
"ဟင်?"
"ဒီမှာလေ ....ဒီပုံမှာဆို သွားကျိုးလေးနဲ့ရယ်နေတာ ချစ်ဖို့ကောင်းတယ်"
*ချစ်စရာလေး...ချစ်ဖို့ကောင်းတယ်
ဇင်က ကျွန်မငယ်ငယ်တုန်းက ပုံတွေကို တကယ်ဘဲချစ်ဖို့ကောင်းတယ်လို့ မြင်တယ်ပေါ့။ အဟီး ပျော်လိုက်တာ။
ဒါနဲ့ ဇင် ငယ်ငယ်ကရော ဘယ်လိုပုံလေးဖြစ်မလဲ....ကျွန်မသိချင်လိုက်တာ။
"ဇင်..."
"အင်း..."
"ဟို,,,,ဇင် ငယ်ငယ်တုန်းက ဘယ်လိုပုံလေးလဲဟင်....ဒီလိုဘဲ ဆံပင်အရှည်နဲ့လား"
"ဟင့်အင်း...ငါက ရှစ်တန်းလောက်ရောက်မှ ဆံပင်အရှည်စထားတာ။ ငယ်ငယ်တုန်းက ငါက ယောကျ်ားလေးလိုမျိုး ဆံပင်တိုတိုလေး"
Part-7(Uni)
Start from the beginning