"ဖြေးဖြေးသောက်ပါဟယ်...နင်ပြီးတော့လည်း သေသွားဦးမယ်"

"အား...အခုမှဘဲ နေလို့ကောင်းသွားတော့တယ်....အယ်..ဒါနဲ့ ဒီအချောလေးက ,,,,နေပါဦး ငါသိနေသလိုဘဲ...ဘယ်သူပါလိမ့်...အော် မှတ်မိပြီ။ Archi က ၀င့်ဖူးသဇင်မလား"

ဒါကတော့ အားရပါးရရေသောက်ပြီးကာမှ ကိုယ့်ကိုရေတိုက်တဲ့သူကို သေချာကြည့်ရင်းပြောလိုက်သည့် ပြည့်သိင်္ဂီရဲ့စကားပင်။

နွေးနေခြည်ကတော့ သူမိတ်ဆက်ပေးစရာမလိုအောင် ကြိုသိနေတဲ့ သူငယ်ချင်းဖြစ်သူကြောင့် အံ့သြတကြီးဖြင့်...

"နင်က ဇင့်ကိုသိနေတာလား?"

"သိတာပေါ့...ဒီလောက်အချောအလှလေးကို ဘယ်လိုလုပ်မသိဘဲရှိပါ့မလဲ။ငါတို့အခန်းထဲက ယောက်ျားလေးထဲမှာတောင် ၀င့်ဖူးသဇင်ကိုကြိုက်နေတဲ့သူတွေအများကြီးဘဲကို"

"ဟမ်...ဟုတ်လား"

"ဘာ ဟုတ်လားလဲ။ ငါနင့်ကို တစ်ခါပြောဖူးသလားလို့။ ငါတို့ကျောင်းကို တတိယနှစ်မှ ကျောင်းပြောင်းလာတဲ့ Archiက ကောင်မ‌လေးက အရမ်းချောတာဘဲလို့လေ။နင်တောင်ငါ့ကိုပြန် ပြောလိုက်သေးတယ်မလား။ နင်က ယောကျာ်းလေးလည်းမရှောင် မိန်းကလေးလည်းမရှောင်အရမ်းအဘူး သန်တယ်ဆိုပြီးတော့လေ...မမှတ်မိဘူးလား"

ပြည့်သိင်္ဂီပြောမှဘဲ နွေးနေခြည်လည်း အဲ့အကြောင်းတွေကိုပြန်သတိရသွားတော့သည်။

*အော်...အဲ့တုန်းက ငပြည့်ပြောတဲ့သူက "ဇင်" တဲ့လား။

ဒါနဲ့ ဇင်က တတိယနှစ်မှကျောင်းပြောင်းလာလို့များ ဒီမှာဇင်နဲ့ခင်တဲ့သူငယ်ချင်းမရှိတာများလား?

ဒါမှမဟုတ် ဇင်က တစ်ယောက်တည်းအေးအေးဆေးဆေးနေရတာကိုကြိုက်လို့လားမသိဘူး။

"ဟဲ့....နေခြည် နင်က ဒီအချောလေးနဲ့ဘယ်လိုလုပ်ခင်နေတာလဲ ပြောပါဦး"

"ဇင်နဲ့ ငါနဲ့က အဆောင်မှာ တစ်ခန်းတည်းဘဲလေ....ပြောရရင် ဇင်က မနေ့ကမှဒီအဆောင်ကိုပြောင်းလာတဲ့ ငါ့ရဲ့အခန်းဖော်အသစ်"

"အက်လယ့် ...ဇင် ဆိုပါလား။ နင်က အချောလေးကို ဇင်လို့တောင် အဖျားဆွတ်ခေါ်နေပုံထောက်တော့ ဟွင်းဟွင်း"

One and onlyTempat cerita menjadi hidup. Temukan sekarang