စာရေးတဲ့နေရာမှာ ဘယ်လောက်ကြာကြာ စျာန်၀င်စားသွားခဲ့သည်မသိ သူ့လက်ချောင်းတွေနဲ့ ဘောပင်တို့ ခေတ္တကင်းေ၀းသွားပြီး ပတ်၀န်းကျင်ကို ေ၀့၀ဲကြည့်မိတော့ သူ၀င်လာတုန်းက ရှိတဲ့ကျောင်းသားနှစ်ယောက်ကိုပင် မတွေ့ရတော့ပေ။
တစ်ခန်းလုံးမှာ သူတစ်ယောက်တည်းသာရှိတော့သည်မို့ လက်တွေကိုဆန့်ကားပြီး အားရပါးရ အကြောဆန့်နေတုန်း အခန်းထဲကို ရုတ်တရက်ဆိုသလို ၀င်ရောက်လာခဲ့သည့်သူကြောင့် နွေးနေခြည်အနဲငယ်လန့်သွားပြီး ဆန့်ထားတဲ့လက်တွေကို အမြန်ပြန်ချလိုက်မိ၏။
အခုမှ စာကြည့်တိုက်ထဲသို့၀င်လာတဲ့သူကို နွေးနေခြည်သေချာသတိထားကြည့်မိတော့ သူမနှင့်အရပ်မတိမ်းမယိမ်း လောက်ရှိမည့် ကောင်မလေးတစ်ယောက်ပင်။
ကျောလယ်လောက်ရှိတဲ့ ကော်ဖီရောင်ဆံနွယ်တို့နှင့်
ဖြူ၀င်းသည့်အသားအရေပိုင်ရှင် ကောင်မလေးရဲ့မျက်နှာဟာ မြင်သူငေးရအောင် ကျော့ရှင်းလှပနေ၏။
သူ့ရဲ့ရှေ့ဘက် မျက်စောင်းထိုးနားမှာထိုင်နေသည့် ထိုကောင်မလေးကတော့ သူစူးစူးစမ်းစမ်းကြည့်နေမိသည်ကို သတိမထားမိဘဲ နီညိုရောင်ကျောပိုးအိပ်ကိုဖွင့်ကာ ချည်လုံးတစ်လုံးနဲ့ ထိုးလက်စမာဖလာတစ်ထည်ကိုထုတ်ယူနေပါတယ်။
အဲ့ဒီ့နောက်မှာတော့ ကျွမ်းကျင်သူတစ်ယောက်လို အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပင် မာဖလာထိုးနေသည့် ကောင်မလေးကိုကြည့်ရင်း နွေးနေခြည်ကတော့ ပါးစပ်အဟောင်းသားဖြင့် အထူးအဆန်းတွေဖြစ်နေလေရဲ့။
***အံ့သြစရာကောင်းလိုက်တာ...တခြားကျောင်းသားတွေက စာမေးပွဲအတွက် အူးရားဖားရားစာကျက်နေကြတဲ့အချိန်မှာ သူက ဒီမှာ မာဖလာထိုးနေတာဘဲ
ကြည့်ရတာ...စာမေးပွဲဖြေဖို့အတွက် အဆင်သင့်တောင့်ဖြစ်နေပြီထင်တယ်။
အင်း...ဒီလိုမြင်ကွင်းမျိုးကို ငပြည့်သာမြင်လိုက်လို့ကတော့ အဲ့တာကြောင့်မို့စာတော်တဲ့သူတွေ ကို ငါအမြင်ကပ်တာဆိုပြီး ပြောဦးမယ်ထင်တယ်....
ကိုယ့်အတွေးနဲ့ကိုယ် သဘောကျပြီး ထိုကောင်မလေးကို နွေးနေခြည်မသိမသာခိုးကြည့်နေရင်း...ကိုယ့်ဘာသာကိုယ်မလုံမလဲဖြစ်လာရ၏။
Part-2(Uni)
Start from the beginning
