"အေ့ပေါ့လေ...နင်ကငါ့ကိုအဲ့လိုပြောမှာပေါ့...ကျောင်းဖွင့်ကတည်းက တစ်နေ့စာတစ်နေ့ပုံမှန်လုပ်ထားတဲ့သူဆိုတော့လည်း..ဟွန့် ...အဲ့တာကြောင့်မို့ စာတော်တဲ့သူ တွေကို အမြင်ကပ်တာ"

"အမလေး...ဘာမှလည်းမဆိုင်ဘဲ အမြင်ကပ်နေသေးတယ်....အံ့သြပ"

"မသိဘူး...ဘာမှမဆိုင်လည်း အမြင်ကပ်တာဘဲ"

"တော်ပါတော့ ငပြည့်ရယ်....နင်ငါနဲ့ပြိုင်မငြင်းဘဲ စာကြည့်ရင်တောင် တစ်ပုဒ်လောက်တော့ အေးဆေးရနေလောက်ပြီ"

"အေး...အဲ့ဒါ နင်ကြောင့်...နင်ဘေးကနေ ပွစိပွစိပြောနေလို့ ငါစာမရတာ"

"အော်...ဖြစ်ရတယ်...အေးပါ...အဲ့ဆိုလည်း နင်ဒီမှာအေးအေးဆေးဆေးစာလုပ်နေလိုက်....ငါ စာကြည့်တိုက်ခဏသွားလိုက်ဦးမယ်....ပြန်ခါနီးကျမှ ဖုန်းဆက်လိုက်နော်"

"ဟုတ်ပါပြီ..ဒေါ်စာကြည့်တိုက်ကြီးရယ်...ငါ ဒီအပုဒ်ကြီးတစ်ပုဒ်ရရင် ဖုန်းဆက်လိုက်မယ်"

"အိုခေ...အပုဒ်ကြီးတစ်ပုဒ်နဲ့ သုံးနာရီလောက်လည်း ကြာမနေနဲ့ဦး ...ငါတို့နှစ်ယောက်လုံးအဆောင်ပြန်တာနောက်ကျနေမယ်"

"အေးပါဟယ်....ငါသိပါတယ်"

ဤသို့ဖြင့် နွေးနေခြည်ကတော့ သူ့စကားအတိုင်း စာကြည့်တိုက်သို့ ဖြေးဖြေးမှန်မှန် ခြေလှမ်းတွေနဲ့ ထွက်လာခဲ့ပါတယ်။

တချို့လူတွေလို စာကိုအသံထွက်ပြီးအော်မကျက်တတ်ဘဲ မှတ်လိုက် ချရေးကြည့်လိုက်လုပ် တတ်သည့် နွေးနေခြည်ကတော့ အခုလိုစာမေးပွဲဖြေတဲ့အချိန်ဆို လူရှင်းပြီး နားအေးပါးအေး ရှိတဲ့နေရာမှာသာ စာလုပ်တတ်တာက အကျင့်တစ်ခုလိုဖြစ်နေ၏။

ယခုလည်း လူရှင်းလောက်မယ်ထင်သည့် စာကြည့်တိုက်သို့ထွက်လာတဲ့အခါ သူထင်ထားတဲ့အတိုင်း စာကြည့်တိုက်ထဲမှာ လူတစ်ယောက်စ နှစ်ယောက်သာရှိတဲ့အတွက် နွေးနေခြည်အကြိုက်တွေ့သွား၏။

***ကောင်းလိုက်တာ....ဟိုးအစွန်ဆုံးနားကခုံမှာထိုင်ရင်း အေးအေးဆေးဆေးစာကြည့်ရမယ်။

ကိုယ့်အတွေးနဲ့ကိုယ် ပြုံးတုံ့တုံ့ဖြင့် ထောင့်နားကျသည့် နေရာမှာ ၀င်ထိုင်ရင်း လွယ်အိပ်ထဲက စာအုပ်ကိုထုတ်...ဘောပင်တစ်ချောင်းနှင့်အတူ စာမေးပွဲအတွက်ခေါင်းထဲမှာမှတ်ထားသည့် စာတွေကို မမေ့သွားအောင် ပြန်ချရေးပါတော့သည်။

One and onlyWhere stories live. Discover now