အိမ်ကိုပြန်ရောက်တာနဲ့ အဖေနဲ့အမေစားဖို့အတွက် ချိုင့်ထဲက မုန့်ဟင်းခါးတွေကိုပန်းကန်ထဲ လှယ်ထည့် ကော်ဖီဖျော်ပေးပြီး မိဘတွေစားသောက်လို့ပြီးမှ နွေးနေခြည်မိမိအခန်းထဲသို့ ပြန်၀င်လာခဲ့သည်။
ကိုဗစ်ကာလမှာ နွေးနေခြည်တို့ကို ကိုးရီးယားဘာသာစကားသင်ပေးနေသည့် တီချယ်ချမ်းက မနေ့က အိမ်စာတွေပေးသွားတာမို့ လုပ်ရမယ့်စာတွေကို အပြီးသတ်နေရင်း စိတ်ထဲမှာ သူ့ကိုစတွေ့ခဲ့သည့် အချိန်ကို နွေးနေခြည်ပြန်သတိရလာခဲ့ပြန်၏။
.
.
.
၂၀၂၀ခုနှစ် ၊ မတ်လ...
အားကစားပွဲ၊ ကျောင်းသက်ြန် စသည့် ပျော်ပွဲရွှင်ပွဲတွေပြီးဆုံးသွားသည့်အဆုံးမှာတော့ နွေးနေခြည်တို့လို တက္ကသိုလ်ကျောင်းသားတွေ ကြုံတွေ့ရမည့် နောက်ထပ်ပွဲတစ်ခုကတော့ 'စာမေးပွဲ' ပင်။
ဒီဇင်ဘာကျောင်းတက်ကတည်းက စာကိုသေချာမလုပ်ဘဲ အလေလိုက်နေခဲ့ကြသည့် ကျောင်းသားတချို့ကတော့ အခုချိန်မှ စာကိုမျက်လုံးပြုတ်ထွက်မတတ် အသည်းအသန်လုပ်နေပါတော့သည်။
အဲ့အထဲမှာ နွေးနေခြည်ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ပြည့်သိင်္ဂီလည်းအပါအ၀င်ပေါ့။
"အားရား....ကျောင်းသက်ြန်တုန်းက ကဲတာများသွားလို့လည်းမသိဘူး....အခုစာကြည့်တဲ့အချိန် ကျမှ တစ်ကိုယ်လုံးကိုက်ခဲပြီး အကြောတွေတော်တော်တက်နေတယ်....ကျွတ်ကျွတ်.. အကြောကတက်ပါတယ်ဆို စာတွေကလည်းများလိုက်တာ...ဒီလိုစာမေးပွဲဖြေခါနီးဆိုရင် ငါ ဘာလို့ EPကိုရွေးခဲ့မိတာလဲဆိုပြီး နောင်တရတယ်"
တကျွတ်ကျွတ်နဲ့ ကိုယ့်ပခုံးကိုနှိပ်ကာ ညီးတွားနေသည့် ပြည့်သိင်္ဂီကို...နွေးနေခြည်ကလည်း
"များတာမဟုတ်ဘူး....အရမ်းကိုများတာဟေ့....အကြောတက်တာတောင် နည်းသေးတယ်"
သူငယ်ချင်းတစ်ယောက်လုံး ဒီလောက်ခံစားနေရတာကို မညှာမတာ ပြောနေသည့် နွေးနေခြည်ကို ပြည့်သိင်္ဂီ မျက်စောင်းလှမ်းထိုးလိုက်ရင်း
Part-2(Uni)
Start from the beginning
