"နင် မသိလောက်ဘူးထင်တာဘဲ"
"ဟုတ်လား....အဲ့ဒါဆို သူ့နာမည်ကဘာတဲ့လဲ?"
"မသိဘူး.."
"ဟင်.....နာမည်မသိဘူး...ဒါဆို သူကငါတို့မေဂျာကဘဲလား...ဒါမှမဟုတ် တခြား မေဂျာကလား"
"အဲ့တာလည်း ငါသေချာမသိဘူး"
"ဟယ်တော့...နာမည်လည်းမသိ...ဘယ်မေဂျာကမှန်းလည်းမသိတဲ့လူကို နင်ကတွေ့ချင်တယ်??"
"အင်း...."
"ထူးဆန်းလိုက်တာ....နင်အဲ့လိုမျိုးလူတစ်ယောက်ကို တွေ့ချင်တယ်ဆိုတဲ့စကား ငါအခုမှကြားဖူး တာဘဲ။ဒါနဲ့ နင်မဟုတ်မှလွဲရော....အဲ့လူကို ကြိုက်နေတာလား"
"ငါလည်း ငါ့စိတ်ကို သေချာမသိဘူးဖြစ်နေတယ် ပြည့်...ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့ကို ငါနောက်တစ်ခေါက်လောက် ထပ်တွေ့ချင်နေမိတာတော့အမှန်ဘဲ"
"အွမ်း....ဒါဆိုရင်တော့ နင်သူ့အပေါ်မှာ ခံစားချက်တစ်ခုခုရှိနေလို့နေမှာပေါ့..."
"နင်တကယ်ဘဲ အဲ့လိုထင်တယ်ပေါ့"
"အေးပေါ့...ဒါနဲ့လေ အဲ့ကောင်လေးက ချောလားဟင်..."
"ကောင်လေး???"
"အင်းလေ ...ဒါပေမယ့် နင်မဖြေလည်း အဲ့ကောင်လေးက ချောမယ်လို့တော့ ထင်တာဘဲ....ဘာလို့ဆို နင့်လိုခံစားချက်မရှိတဲ့လူတစ်ယောက်ကိုတောင် ဒီလိုခံစားချက်တွေ ပေးသွားနိုင်တယ်ဆိုတော့ တော်ရုံလူမဟုတ်လောက်ဘူးလို့ငါထင်တယ်"
စိတ်လှုပ်ရှားတဲ့ပုံစံနဲ့ တစ်တွတ်တွတ်ပြောနေတဲ့ ပြည့်သိင်္ဂီရဲ့စကားတွေကို နွေးနေခြည် ဘာမှချေပပြီးပြောမနေခဲ့တော့ပေ။
ဆိတ်ဆိတ်နေရင်းဖြင့်သာ မုန့်ဟင်းခါးဖက်တွေကို အကြောင်းမဲ့ထိုးဆွရင်း ပြည့်သိင်္ဂီပြောသမျှ ကို နွေးနေခြည်နားထောင်နေမိခဲ့သည်။
နွေးနေခြည်စားပြီးသွားတော့ ဖေဖေနဲ့မေမေစားဖို့အတွက်ဆိုပြီး ပြည့်သိင်္ဂီရဲ့အမေ ထည့်ပေးလိုက်သည့် မုန့်ဟင်းခါးချိုင့်ကိုလက်ထဲမှာကိုင်ရင်းအိမ်သို့ ပြန်လာခဲ့သည်။
သို့သော် လေးလံနေပုံပေါ်သည့် ခြေလှမ်းတို့ကြောင့် နွေးနေခြည်ရဲ့စိတ်တွေက မနက်စောစော မှာတင်ရှုပ်ထွေးနေတယ်ဆိုတာဟာ အရမ်းပေါ်လွင်နေပါတယ်။
Part-2(Uni)
Start from the beginning
