**အသက်၂၀တောင်ပြည့်တော့မယ်...နေခြည်မက ဘာလို့ ရည်းစားတစ်ယောက်မှမထားလည်း ငါစဥ်းစားမရဘူး...။

အင်း...နေခြည်အကြောင်းမစဥ်းစားခင် ငါအခု ဘယ်သူ့ကို gmအရင်ပို့ရမလဲ ကြည့်လိုက်ဦးမယ်။

ဖြိုးလား...ကိုထက်လား....ဒါမှမဟုတ် ဇွဲကိုလား

ဟူး...ငါလည်းလေ ဒီသုံးယောက်ကြားမှာ ကြာရင်ရူးတော့မှာဘဲ...

ကျစ်....စိတ်ညစ်လိုက်တာ ပြည့်သိင်္ဂီရယ်....ဘယ်လိုဖြစ်လို့ ဒီသုံးယောက်စလုံးကို ချစ်တယ်လို့ နင်အဖြေပြန်ပေးမိခဲ့ရတာလဲ....

"ငပြည့် ငါပြီးပြီ...သွားမယ်"

"အော်...အေးအေး"

ထိုသို့ဖြင့် နွေးနေခြည်လည်း ရည်းစားသုံးယောက်ကြားမှာ ချာလည်ရိုက်နေသည့် သူ့သူငယ်ချင်းပခုံးကိုဖက်ကာ တက်ကြွသည့်ခြေလှမ်းတို့ဖြင့် ပြည့်သိင်္ဂီတို့အိမ်သို့ ချီတက်သွားပါတော့သည်။

.

.

"ဖြေးဖြေးသောက်ပါ....နေခြည်ရယ်...နင့်မုန့်ဟင်းခါးကိုဘယ်သူမှလုမစားပါဘူး"

ပူနေတာကိုသိသိကြီးနဲ့ တရှူးရှူးတရှဲရှဲဖြင့် မုန့်ဟင်းရည်ကို အလောတကြီး မှုတ်သောက်နေသည့် နွေးနေခြည်ကိုကြည့်ရင်း ပြည့်တစ်ယောက် မသက်သာသလိုပြောလိုက်၏။

"ဒီလိုအေးနေတဲ့ရာသီမှာ မုန့်ဟင်းရည်ပူပူလေးကအရမ်းအရသာရှိလို့ပါဟ"

"ဟုတ်ပါပြီ...အော်...ဒါနဲ့ ငါနင့်ကိုမနေ့က မေးမယ်ဆိုပြီးမမေးလိုက်ရဘူး"

"အင်း...ဘာမေးမလို့လဲ? မေးလေ"

"နင် မနေ့က ငါ့ကိုပြောတယ်လေ...နင်တွေ့ချင်တဲ့သူဆိုတာ"

ပြည့်သိင်္ဂီရဲ့ 'နင်တွေ့ချင်တဲ့သူ' ဆိုသည့်စကားကြောင့် ဇွန်းကိုင်ထားသည့် နွေးနေခြည်ရဲ့လက်တို့က ချက်ချင်း တုံ့ဆိုင်းသွားခဲ့၏။

ဒါကိုမရိပ်မိတဲ့ ပြည့်သိင်္ဂီကတော့ သူမေးချင်တာကိုသာ စိတ်လိုလက်ရဆက်မေးနေပါတယ်။

"အဲ့တစ်ယောက်က ဘယ်သူလဲ နေခြည်မ...ငါတို့သူငယ်ချင်းထဲကဘဲလား...ဒါမှမဟုတ်သူက ငါနဲ့သိလား?"

One and onlyWhere stories live. Discover now