"နင်က ငါ့ကိုတော်‌တော်သေစေချင်နေတယ်ပေါ့...ဟုတ်လား? ဒေါ်ပြည့်သိင်္ဂီ"

"အမလေးလေး...ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးကို သေစေချင်တဲ့သူဘယ်မှာရှိပါ့မလဲလို့....ပြီးတော့ ငါကသရဲကြောက်ပါဘိသနဲ့...တော်ကြာ နင်သေလို့ သရဲအဖြစ်နဲ့ ငါ့ကိုလာခြောက်နေမှ ဒုက္ခရောက်နေမှာပေါ့ဟယ်"

ပြုံးဖြီးဖြီးနဲ့ပြောနေသည့် ပြည့်သိင်္ဂီ၏ပုံစံကိုကြည့်ပြီး covid-19ကြောင့် ပေါက်ကွဲနေသည့် နွေးနေခြည်၏ဒေါသတွေက သူငယ်ချင်းမဖြစ်သူ ပြည့်သိင်္ဂီထံသို့ အစုလိုက်အပြုံလိုက်ရောက် ရှိလာ၏။

"ငပြည့်မနော်...ငါသိပ်ပြီး စိတ်ကြည်နေတာမဟုတ်ဘူး။ နင်ငါ့ကိုပိုပြီး စိတ်တိုအောင် လာလုပ်မ နေနဲ့ ...."

"...စိတ်တိုနေတဲ့ရုပ်ကြီးကလည်း ဆိုးလိုက်တာ...ဟဟဟ"

"ဟာ...နင် ပြောလေ ကဲလေပါလား...အေး...နင်တွေ့မယ်...နင်ငါ့အကြောင်းကောင်းကောင်းသိ စေရမယ်"

နွေးနေခြည်က ပြောလည်းပြော ဖုန်းကိုကောက်ကိုင်ကာ တစ်စုံတစ်ယောက်ထံ ဖုန်းဆက်ဖို့ဟန် ပြင်နေတော့

"ဟဲ့...နင်ဘယ်သူ့ကိုဖုန်းဆက်မလို့လဲ?"

"နင့်အမေကိုလေ....နင် ကောင်လေးသုံးယောက်စလုံးကို ရည်စားအဖြစ်နဲ့ပြိုင်ထားနေတဲ့အကြောင်း ပြောမလို့"

"ဘာ....နင်...နင်....အဲ့လိုမလုပ်နဲ့နော်...နေခြည်မ နင့်ကိုငါမဆက်နဲ့လို့ပြောနေတယ်နော်
.....နေခြည်"

ပြတင်းပေါက်နားကနေ ပြုတ်ကျတော့မတတ် ကုန်းကုန်းကွကွဖြင့်အော်ကာ တားနေသည့် ပြည့်သိင်္ဂီကြောင့် နွေးနေခြည်တစ်ယောက် အောင်နိုင်သူအပြုံးကြီးဖြင့် ကျေနပ်နေ၏။

"နေခြည်မ...နင်တော်တော်ညစ်တယ်ဟာ....တစ်ခုခုဆို ငါ့ကို ဒီမဖြစ်စလောက် ရည်စားလေးသုံးယောက်ထားမိတာနဲ့ဘဲ ကိုင်ပေါက်နေတယ်...တော်တော်ကိုအကျင့်ယုတ်ချက်"

"ဟာ...ငါ့ကိုအကျင့်ယုတ်တယ်မပြောနဲ့လေ...လောင်နေတဲ့မီးကို ပိုလောင်အောင် မီးစာလာထည့်တဲ့သူက ဘယ်သူလဲအရင်စဥ်းစားပြီးမှပြောပါအမိရယ်"

One and onlyWhere stories live. Discover now