Chapter 37

2.3K 372 6
                                    

<Unicode> # Translated by Irisbellar
Chapter 37; Gambling

ွကြေးနီရောင် ဝတ်ဆင်ထားတဲ့ အစေခံပြောလိုက်တဲ့ စကားကြောင့် အားလုံးရဲ့ အကြည့်တွေက ချူးလန်ဆီ စိုက်ရောက်လာခဲ့ကြသည်။

လူအုပ်ကြီးထဲက များစွာသော လူတွေရဲ့ လှောင်ပြောင် သလိုလို.ချေမိုးသလိုလို  အကဲခတ်နေကြသလိုလို.အမျိုးစုံရှုပ်ထွေးတဲ့ အကြည့်တွေ ထဲ သခင်မဟွမ်ရဲ့ အကြည့်ကတော့ အဆိုးရွာဆုံးနဲ့ ကြောက်မယ်ဖွယ် ကောင်းနေခဲ့ပါတယ်။

သူမနောက်ဆုံး တော့ ဖြေးဖြေးလေးနဲ့ တစ်လုံးချင်းဆီ ပြောလာခဲ့တာကြောင့် လူတိုင်း သူမဘာပြောနေလဲဆိုတာ ပျက်ပျက်သားသား
ကြားနိုင်ကြပါတယ်။

"ကျင်းအန် အိမ်တော် ရဲ့ တတိယ သခင်မလေး,. .မင်းဒီကိစ္စအတွက် အပြည့်အဝ တာဝန်ယူလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"

"တောက်အန်း စားသောက်ဆိုင်က ဦးလေးဝမ် က ဘယ်သူ့ဆီကမှ အော်ဒါ လက်မခံခဲ့ပါဘူး, မြို့တော် တစ်ခုလုံးမှာ ဒီလောက်လှပတဲ့ အသက်ရှည်မက်မွန်ကိတ်ကို သူတစ်ယောက်ပဲ လုပ်နိုင်ခဲ့တာပါ။ သူသာ အထက်တန်းလွှာသက်ရှည်စားသောက်ပွဲ အတွက် တစ်ပန်းကန်လောက်ပဲ ပြုလုပ်ပေးခဲ့မယ်ဆိုရင်တောင် တကယ့်ကိုပဲ အကြီးအကျယ် ဂုဏ်ယူစရာ တစ်ခုပါပဲ "

သခင်မ ဟွမ် က တောက်အန်း စားသောက်ဆိုင်ကို သုံးကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး အဲ့လို လုပ်ပေးဖို့ ငွေတုံးရာချီ သုံးခဲ့ရပြီးပြီ။

ဒါပေမယ့် အဲ့လောက် အများကြီး အားစိုက်ထုတ်ခဲ့​ပြီးမှရလာတဲ့ လတ်ဆတ်နွေးထွေးတဲ့
သက်ရှည်မက်မွန်ကိတ့်တွေကို အခုလို ရုတ်တရက် ဖျက်ဆီးခံလိုက်ရတော့....

သခင်မဟွမ်ရဲ့ လက်ရှိ ဒေါသ အ​ဆင့်က.ခန့်မန်းထားကြတဲ့ အတိုင်းပါပဲ။

ကျင်းအန်အိမ်တော်နဲ့ ယှဉ်ရင် အခုလက်ရှိအချိန်မှာ ဒင်းရွမ်အိမ်တော်က ဧကရာဇ်နဲ့ ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေခဲ့သည်။ ထိုအိမ်သားတစ်ယောက်က နန်းတော်ထဲရောက်နေတဲ့ ဘုရင့်ကိုယ်လုပ်တော် ဖြစ်နေလို့ပါပဲ။ သူတို့ မျက်နှာချင်းဆိုင် သွားရမယ့် အခြေအနေမှာဆို ကျင်းအန်အိမ်တော်က ဒင်းရွမ်အိမ်တော်ကို ဦးညွှတ်ပြရမှာပါ။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now