Chapter-33

2.6K 450 13
                                    

ZAWGYI

Chapter 33: He Finally Did Something Right

   ဟေးချန်က သူ့ရဲ့ဇနီးကို ပစ်ပြီး စစ်တပ်ကို
ဝင်သွားတယ်ဆိုတဲ့နေ့က.... ချူးလျန်ကတော့ အနှောင့်ယှက်ကင်းကင်းနဲ့ သူမရဲ့ နွှေးထွေးအိစက်နေတဲ့ အိပ်ယာပေါ်မှာ အိပ်မောကျနေတာ ဖြစ်သည်။

   တဖက်က ဟေးချန်ကတော့ သူ့ရဲ့မြန်ဆန်လွန်းတဲ့ ခရီးအစီစဉ်မှာ လဲ့ရွှမ်ကိုပါ သူနဲ့အတူ ခေါ်သွားသည်။

  ဟေးချန်က မြောက်ဘက်နယ်စပ် 'လင်းကျိုး'
ကို  နေ့မနား ညမနားနဲ့ ပုံမှန်ထက်နှစ်ဆမြန်မြန် သွားနေသည့်အတွက် နောက်ပိုင်းက လူတွေကလည်း ဘယ်လမ်းက
သွားနေတာလဲဆိုတာကိုတောင် စုံစမ်း၍ မရဖြစ်နေခဲ့သည်။

   နွှေလယ်ခေါင်ရောက်ပြီ ဖြစ်တဲ့အတွက် မိုးသာချုပ်သွားမည် လေပြေလေညှင်းလေးတွေတော့ မရနိုင်ပေ။ လူနှစ်ယောက်က အဝတ်စားအထုတ် ကိုယ်စီလွယ်၍ မြင်းကို အပြေးနှင်နေကြသည်။ မြင်းပြေးတဲ့အရှိန်ကြောင့် လေအေးအေးတော့ ရပေမယ့် တနေ့လုံး မြင်းကျောပေါ်မှာ နေပြီး အပြေးနှင်နေရတဲ့အတွက်
ကြံ့ခိုင်သန်စွမ်းတဲ့ ဟေးချန်တောင် သိပ်မတောင့်ခံနိုင်တော့ပေ။

  သူတို့ပေါင်အတွင်းပိုင်းနားက လှိုင်တက်လာတဲ့အပူဒဏ်ကို အံတုရင်း နှစ်ယောက်လုံး နောက်ထပ်
၁၀မိုင်လောက် ခရီးဆက်နှင်ကြသည်။

    လရောင်ဖျော့ဖျော့အောက် လမ်းခွဲတစ်ခုနားမှာ တဲအိမ်သေးသေးလေးရှိနေတာကို လဲ့ရွမ်က တွေ့သွားပြီး ပျော်ရွှင်စွာဖြင့်
      " တတိယသခင်လေး , ရှေ့နားမှာ တဲအိမ်လေးရှိပါတယ်။ ဘာကြောင့် ဒီတညလောက် ကျွန်တော်တို့ ဝင်မနားရမှာလဲ? "

  နောက်တစ်မြို့ကို ရောက်ဖို့ မိုင်၅၀လောက် ခရီးနှင်ရန် လိုနေသေးသည်။သူတို့ ဒီညဆက်သွားလိုက်ရင်လည်း နောက်တနေ့မှပဲ ရောက်သွားမှာ ဖြစ်သည်။ ထို့ကြောင့် အတူတူပဲ
ဖြစ်ပြီး မြင်းတွေလည်း နားရန်လိုနေသေးတဲ့အတွက် ဟေးချန်လည်း ခေါင်းငြိမ့်လိုက်ပြီး မြင်းပေါ်က ဆင်းလိုက်သည်။
လဲ့ရွှမ်လည်း ဟေးချန်လက်ထဲက မြင်းနှင်ကြိုးကိုယူလိုက်၍ အနီးနားကအပင်တွေမှာပဲ
ကြိုးရှည်ရှည်လေး ချည်ပေးထားလိုက်သည်။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now