Chapter 10 ရှောင်ပိုကျင်း

3.1K 440 6
                                    


Translated by Irisbellar

<Unicode
 

ချူးလျန် အနောက်ကို လှည့်ကြည့်လိုက်ချိန်မှာတော့ , သခင်မလေး၈- ယွမ်(Yuan)က ခြံဝန်းအဝင်ဝတွင် စိတ်ဆိုးဒေါသထွက်ပြီး ရပ်နေခဲ့သည်။

ဒါပေမယ့် သခင်မလေးယွမ် ထင်ထားသလို ချူးလျန်တစ်ယောက် စိတ်ထဲကဒေါသကို ဖုံးကွယ်ပြီး ဟန်ဆောင်တော့မယ့် ပုံစံဖြစ်မနေပါဘူး။ သူမကိုတောင် ကြည်ကြည်ဖြူဖြူနက် ပြုံးပြလိုက်ပါသေးသည်။. တကယ်တော့ သခင်မလေးယွမ်က ယုတ်မာပြိးရက်စက်တဲ့
ခင်ပွန်းနဲ့ လက်ဆက်ရတော့မှာကိုသိပြီး,
ချူးလန်က သူမအပေါ် ကိုယ်ချင်းစာမိနေခဲ့သည်။

"Oh. ..နံပတ်ရှစ်သခင်မလေးက ဒီနေရာကိုအရမ်းကြိုက်နေပြီ ဆိုမှတော့ ဒီနေရာက မင်းအတွက်ပဲ ဖြစ်ရမှာပေါ့။ ဒီနေရာမှာ တစ်ယောက်ထဲ အေးအေးဆေးဆေး ထိုင်ကြည့်လို့ကောင်းမဲ့ ရှုခင်းတွေလဲရှိတယ် ..သိလား။ မင်းကို နောက်တစ်ခါကျရင် အဲ့နေရာတွေကို လိုက်ပြဖို့ ရှီးယန်ကို ပြောလိုက်မယ်နော်"

သခင်မလေးယွမ်လည်း မယုံသင်္ကာဖြစ်ပြီး သူမတကယ်ဘာတွေးနေတာလဲ ဆိုပြီးစိုက်ကြည့်နေတယ်။

ဘာတွေ ဖြစ်နေတာလဲဟ? ငါ့အရှေ့က တည်ငြိမ်နေတဲ့တစ်ယောက်က တကယ့် နံပတ်ခြောက်အမ ရောဟုတ်ရဲ့လား?
အရင်တုန်းကဆို ကိစ္စသေးသေးလေးတွေကိုတောင် သူမကို ချူးလျန်ကပြသနာ လိုက်ရှာ နေတာမလား။
လွန်ခဲ့တဲ့ ရက်တွေတုန်းက နံပတ်ခြောက်အမ လုပ်ခဲ့တာဆိုလို့ သူမလက်ထက်ဖို့ဆိုပြီး အိမ်ကထွက်သွားတာပါ။ အဲ့ရက်တွေက စပြီး
သူမကို အခုလို ပုံစံအသစ် ပြောင်းသွားစေတာလား။

သခင်မလေးယွမ်က သေသေချာချာကို စိုက်ကြည့်နေသည်။ သူတို့နှစ်ယောက်လုံးက ဒုတိယမျိုးဆက်ရဲ့ သမီးအရင်းတွေဖြစ်ကြသည်။ အပျိုတုန်းက သူတို့အိမ်မှာပဲရှိနေတုန်းက အချိန်တွေဆိုရင် ချူးလန်နက် နံပတ်၈ သခင်မလေးတို့က အများဆုံးဆက်ဆံဖြစ်ခဲ့သူတွေဖြစ်ခဲ့သည်။ အသေးအဖွဲ ကိစ္စလေးတွေအတွက် မကြာခနဆိုသလို သူတို့စကားများခဲ့ကြသည်။ ဒါပေမယ့် Miss Yuan ဘက်မှာက နံပတ်၂ သခင်မရှိနေခဲ့တယ်လေ။ ဒီတော့ ချူးလန်က အမြဲအရှုံးပေးခဲ့ ရသည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now