Chapter 73

2K 306 6
                                    

Zawgyi

Chapter 73: Gifting a Jade Bangle

     မန်နေဂျာလည်း သဘောတူကြောင်းပြောပြီး နောက်ထပ်ရတနာပစ္စည်းအနည်းငယ်လောက်ကို မြန်မြန်လေးပဲ သွားပြန်ယူလိုက်သည်။ ထို့နောက်တော့ အကုန်လုံးကို ချူးလျန်ရှေ့မှာ တခုချင်းစီ စီချပေးထားလိုက်သည်။

   ဒီတခါ မန်နေဂျာယူလာတဲ့ ပစ္စည်းတွေက အစောကလောက်တော့ ဈေးမကြီးတော့ပေ။

    ချူးလျန် ရွှေလက်စွပ်တစ်ကွင်းက်ု ကောက်ယူကြည့်လိုက်တဲ့အခိုက်တန့့်် ထိုပစ္စည်းတွေက အစောက ယင်အိမ်တော်က ညီအမတွေ ရွှေးထားတာတွေနဲ့ မယှဉ်နိုင်ဘူးဆိုတာ သ်လိုက်သည်။မန်နေဂျာရဲ့ အရိပ်အခြေကို မကြည့်ပဲ ချူးလျန်လည်း ထိုလက်စွပ်ကို ပြန်ချလိုက်ပြီး အခြားပစ္စည်းတွေကိုလည်း ကြည့်မနေတော့ပေ။

   ထိုအစား သူမက ကောင်တာဘက်ကို ထသွားလိုက်သည်။ဘေးက ကြည့်နေတဲ့လူတွေလည်း ထိုသာမန်အဝတ်အစားနဲ့ အမျိုးသမီးကျင်းယီ ဘာတွေးနေသလဲဆိုတာ မသိကြပေ။ချူးလျန်ရဲ့အသံတိုးတိုးလေး ထွက်လာခါမှပဲ မန်နေဂျာလည်း ကြောင်ကြည့်နေရာကနေ အသိပြန်ဝင်လာတော့သည်။

   " မန်နေဂျာ..ကျွန်မကို ဒီကျောက်စိမ်းလက်စွပ်တွေ ထုတ်ပြပါအုံး။ တချက်လောက် ကြည့်ချင်လို့ "

   မန်နေဂျာလည်း မြန်မြန်ထသွားလိုက်ပြီး ကောင်တာအနာက်ဘက်ကို ဝင်သွားလိုက်သည်။ချူးလျန်ပြောတဲ့ဟာကို အသေအချာမြင်လိုက်ချိန်မှာတော့ သူမပြောစရာစကားမဲ့သွားတော့သည်။

    တခဏကြာမှသာ သူမလည်း ပြန်သတိဝင်သွားသည်။သူမလည်း ဗီရိုထဲက ချူးလျန်ပြောတဲ့ သေတ္တာလေးကို ထုတ်ပြီး အပေါ်တင်ပြလိုက်သည်။

   ချူးလျန် ညွှန်ပြတာက Hetian ကျောက်စိမ်းအမျိုးအစားနဲ့လုပ်ထားတဲ့ လက်မကိုဝတ်တဲ့လက်စွပ်တွေပင်။ တခုက အကြီး တခုကအသေးနဲ့ အတော်လေးလိုက်ဖက်တဲ့ လက်စွပ်အတွဲလေးပင်။

   Hetianကျောက်စိမ်းဆိုတာက အရမ်းအဖိုးတန်တဲ့ ကျောက်စိမ်းအမျိုးအစားပဲ ဖြစ်သည်။အဲ့တာနဲ့ လုပ်တဲ့ ပစ္စည်းက ဘယ်လိုပုံစံပဲဖြစ်ဖြစ် တန်ဖိုးကတော့ ကြီးပြီးသားပင်။လက်မမှာ လက်စွပ်ဝတ်တာက ထိုဝူအင်ပါယာမှာတော့ ခေတ်မစားသေးပေ။အရာရှိတွေထဲမှာဆိုလည်း စစ်ဘက်အရာရှိတွေသာ လက်စွပ်ကို လက်မမှာ ဝတ်လိမ့်မည် ; မြှားပစ်တဲ့နေရာမှာဆို အသုံးဝင်သည်လေ။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now