Chapter 80

1.9K 353 22
                                    

<Unicode>
Chapter 80 ; ငါ့အတွက် သွားယူခဲ့..

      သူမရဲ့အမေ လွတ်ငြိမ်းခွင့်ရသွားတာကြောင့် မင်းသမီးလီယောင်ရဲ့အပြုံးက ပိုပြီးတောင် ချိူ သာလာပြီး ဧကရာဇ်ရဲ့ လက်မောင်းကို ဖက်လျက် ခိုးခိုးခစ်ခစ် ရယ်နေသည်။

     ဧကရာဇ်က မွေးထဲက အလိုလိုက်ခဲ့ရတဲ့သူ့ရဲ့သမီးငယ်ကို ကြည့်လိုက်သည်။မျက်စိတမှိတ်အတွင်း သူမလေးက ၁၀နှစ်ပင်ရှိနေပြီး မိန်းကလေးတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်အတိုင်း ဖူးပွင့်လာတော့မည်။သူမကို ကြည့်ရင်းဖြင့်ပင် သူ့ရင်ထဲမှာ ဝမ်းနည်းမှုတို့နဲ့ ပြည့်နှက်လာသည်။

       မင်းသမီးလီယောင် ငယ်စဉ်တုန်းကဆို သူက သူ့သမီးကို လက်ထဲကမချတမ်း ချီပိုးထားနိုင်သည်။ သို့ပေမယ့် အခုလို အရွှယ်ရောက်စအချိန်မှာတော့ သူလုပ်နိုင်တာဆိုလို့ ခေါင်းကို ဖွဖွပုတ်ပေးရုံလောက်ပင်။

     မင်းသမီးလီယောင်က ဧကရာဇ်ရဲ့အငယ်ဆုံး သမီးတော်ဖြစ်သည်။ သမီးမိန်းကလေးတွေက အလိုလိုက်ခံရသူများဖြစ်ပြီး သားယောကျာ်းလေးတွေကတော့ တင်းတင်းကြပ်ကြပ် လေ့ကျင့်ထိန်းကျောင်းပေးရတာဖြစ်သည်။
   ထို့အပြင် လူအများစု မသိကြသေးတဲ့ အချိူ့ကိစ္စတွေ ရှိနေသေးတာကြောင့် ဧကရာဇ်က သူ့ရဲ့သမီးငယ်ကို ပုံမှန်ထက် ပိုပြီး အလိုလိုက်ပေးသည်။

     မင်းသမီးလီယောင်ရဲ့ မျက်လုံးလေးတွေက ချူ းလျန်လိုပဲ အယ်လ်မွန်ပုံလေးဖြစ်ပြီး သူမက ဥယာဉ်ထဲက လူတွေကို အကဲခတ်ကြညိ့လိုက်ရင်း နောက်ဆုံးတော့ ချူ းလျန်ဆီမှာ ဂိတ်ဆုံးသွားသည်။

   ဧကရာဇ်ရဲ့ အကျီလက်အိုးကျယ်ကို အကွယ်ပြုရင်း မင်းသမီးလီယောင်ရဲ့ အရင်ကျဉ်မြောင်းနေတဲ့ မျက်ဝန်းတို့က ပုံမှန်ပြန်ဖြစ်သွားပြီး ချစ်စရာပုံလေးအဖြစ် ပြောင်းသွားသည်။
  " ခမည်းတော် ခမည်းတော် ၊ သူမက ခမည်းတော် ဘွဲ့ချီးမြှင့်ထားတဲ့ ကျင်းယီ ဆိုတဲ့သူလား? "

    ဧကရာဇ်က ပြုံးလိုက်သည်။ သူကလည်း တုံးအတဲ့သူတော့ မဟုတ်ပေ ။ သူ့သမီးဖြစ်သူက အမြင်ကျဉ်းတတ်ပြီး သူမ မကြိုက်တဲ့သူတွေကိုဆို လှည့်ကွက်လေးတွေနဲ့ ကစားတတ်သည်။မင်းသမီးလီယောင်က ချူ းလျန်နဲ့ Dingyuanအိမ်တော်မှာ ဆုံပြီးကြပြီဖြစ်ပြီး ပဋိပက္ခအသေးစားလေးလည်း ဖြစ်လာခဲ့ကြောင်း ဧကရာဇ်သိပြီးပြီဖြစ်သည်။အခုတော့ သူ့သမီးတော်က ချူ းလျန်ကို ပထမဆုံးအကြိမ် တွေ့ဖူးတဲ့သူလို သရုပ်ဆောင်နေသည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now