Chapter 51

2.3K 386 2
                                    

<Unicode>
Chapter 51: The Haughty Spoiled Princess

   မြို့ပတ်လမ်းကနေ သွားလိုက်တာ တနာရီလောက်ကြာတော့ ကျင်းအန်အိမ်တော်ကနေ ထွက်သွားတဲ့ ဝေါယာဉ်က မင်းသားဝေအိမ်တော်ရှေ့ကို ရောက်ပြီ ဖြစ်သည်။

    ချူ းလျန်က တံခါးစောင့်တွေဆီ သူ့အစေခံက်ု ဖိတ်စာသွားပေးဖို့တောင် မပြောလိုက်ရသေးခင်မှာပဲ လူငယ်အစေခံနှစ်ယောက်က ထွက်လာပြီး သူမကို လာကြို သည်။

   ချူ းလျန်က ရှီးယန်အကူနဲ့ ဝေါယာဉ်ပေါ်က ဆင်းလာတော့ အစေခံခေါင်းဆောင်ဖြစ်သူက တောက်တောက်ပပ ပြုံးလျက် မေးသည်။
  " တောင်းပန်ပါတယ်...ဒီမိန်းကလေးက ကျင်းအန်အိမ်တော်ရဲ့ သခင်မလေးလား ခင်ဗျ?"

ဝမ်လန်က ထိုအစေခံခေါင်းဆောင်းဖြစ်သူကို  နှုတ်ဆက်တဲ့အနေနဲ့ အရိုသေပေးပြီးမှ ပြန်ဖြေလိုက်သည်။
    " ဟုတ်ပါတယ် "

  " တတိယသခင်မလေး , ကျွန်မတို့ သခင်မလေးကို စောင့်နေတာပါ ။ ကျွန်မတို့ရဲ့ တော်ဝင်မင်းသမီးလေးက အစောကတည်းက ကျွန်မတို့ကို ဝင်ပေါက်မှာပဲ စောင့်ခိုင်းထားတာပါ ။ ကျေးဇူး ပြု ပြီး ကျွန်မတို့နဲ့ လိုက်ခဲ့ပါ "
ထိုအစေခံ ခေါင်းဆောင်က အသက်၃၀လောက်တော့ ရှိမည်။ သူမရဲ့ မျက်နာပြည့်ပြည့်ရယ်
နွေးထွေးပျူငှာတဲ့အသံရယ် ဖော်ရွှေတဲ့အပြုံးရယ် ပေါင်းလိုက်ရင်တော့ ပထမဆုံးတွေ့ကတည်းက အမှတ်ပေးချင်စရာ လူမျိူ းပင်။

  " ဒါဆို ကျွန်မရှင့်ကိုပဲ ဒုက္ခပေးရတော့မှာပဲ မိုမို "

   ချူ းလျန် မင်းသားဝေ အိမ်တော်ထဲဝင်တော့ အစေခံခေါင်းဆောင်က သူမအတွက် လူထမ်းတစ်ယောက်ထိုင်ခုံ ကိုတောင် ပြင်ထားပေးသေးသည်။ ထို ထမ်းတဲ့လူနှစ်ယောက်ရဲ့အကူညီနဲ့ပဲ ချူ းလျန်တို့လည်း တော်ဝင်မင်းသမီး Duanjia ရဲ့အဆောင်ကို ၈ မိနစ်လောက်ကြာတော့ ရောက်သွားသည်။

   မင်းသားဝေရဲ့အိမ်တော်က ကျင်းအန်အိမ်တော်ထက် အပြင်အဆင်ပိုင်းကို အတော်လေး လုပ်ထားသည်။ အသေချာအလှဆင်ထားတဲ့ တောင်တွေ ဥယာဉ်တွေ အမိုးပါ ကော်ရစ်တာတွေ ပန်းချီဆွဲခန်းတွေ ... ချူ းလျန်ဘယ်နေရာပဲ ကြည့်ကြည့် ထိုလှပစွာပြင်ဆင်ထားပုံတွေက စောင့်ဆိုင်းနေပြီးသားပင်။
မြို့ထဲက ထိပ်ဆုံးအိမ်တော် ၃ခုထဲမှာ ထိုအိမ်တော် ပါတာလည်း အံ့ဩစရာမရှိတော့ပေ။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now