Chapter 34

2.4K 401 4
                                    

<Unicode>
{ Translator နှစ်ယောက် ဘောလီဘောပုတ်နေလို့ ကြာသွားတယ် sry pr😄 # ဒီအပိုင်းလေးတွေက နည်းနည်းပျင်းဖို့ကောင်းပြီး
ပျင်းပျင်းနဲ့ပဲ Transထားတဲ့အတွက် ပျင်းပျင်းနဲ့ပဲ အဆက်မပြတ်သွားအောင် ဖတ်လိုက်ကြပါအုံး😙😙}

ချူ းလျန်က သဘောတကျကျ နဲ့ ခေါင်းတငြိမ့်ငြိမ့်လုပ်နေ၍ အစေခံကျိူ းက ရှက်ရှက်နဲ့ မျက်နာကို မနဲဖုံးကွယ်ထားရသည်။
........
မနက်စာ စားသောက်ပြီး တအောင့်နားလိုက်ပြီးမှ အိမ်တော်ရဲ့ ထုံးစံအတိုင်း သခင်မကြီးဟေးဆီ ချူ းလျန်သွား၍ ဂါရဝပြု လိုက်သည်။
သခင်မကြီးဟေးကလည်း လက်ယပ်ခေါ်၍
  " စန်းလန်ရဲ့ ဇနီးလေး, လာ ,အဖွားဘေးမှာ လာထိုင် "

ချူ းလျန်လည်း သခင်မကြီးဟေး အောက်တစ်ဆင့်နိမ့်တဲ့ ကပ်ရပ်ခုံလေးမှာ ဝင်ထိုင်လိုက်သည်။ထို့နောက် သခင်မကြီးဟေးကို ကြည့်လျက်
  " အဖွား , သမီးရဲ့ ယောကျာ်းဆီက သတင်းများရသေးလားဟင်? "

သူတို့နှစ်ယောက်က လက်ထပ်ပြီးပေမယ့်လည်း အေးစက်စက်စုံတွဲသာဖြစ်နေပြီး ဟေးချန်ကလည်း သူမကို မထင်ရင်မထင်သလို အနိုင်ကကျင့်သေးသည်။ ဟေးချန်ရဲ့ဂုဏ်သတင်းနှင့် ရုပ်ရည်တို့ ဘယ်လောက်ပဲ ကျော်ကြားပါစေ မိမိကို မတန်သလိုဆက်ဆံသည့် ယောကျာ်းတစ်ယောက်အတွက်တော့ ချူ းလျန်တွင် မည့်သည့်ခံစားချက် မှ ရှိမနေပါ။
သူမက သစ္စာရှိသည့်ဇနီးသည်နေရာကနေ ရိုးရိုးလေး သရုပ်ဆောင်လိုက်ခြင်းသာ ဖြစ်သည်။

သူမ ဟေးချန်ရဲ့ အပြုမူတွေကို မကြိုက်ပေမယ့်လည်း သခင်မကြီးကိုတော့ သဘောကျသည်။
သူမလက်ထပ်ပြီး ဒုတိယမြောက်နေ့ လက်ဖက်ရည်သောက်ပွဲထဲက ထိုသခင်မကြီးရဲ့ ရိုးသားစစ်မှန်တဲ့ ဂရုစိုက်မှုနှင့် အပြုမူတို့ကို တွေ့ခဲ့ပြီး ဖြစ်သည်။
ချူ းလျန်လည်း သူမကို ကောင်းကောင်းဆက်ဆံပေးသည့် သူများကို ဝမ်းမနည်းစေချင်ပေ။

သခင်မကြီးဟေးက သက်ပြင်းချလိုက်ပြီး ချူ းလျန်ခေါင်းလေးကို ခပ်ဖွဖွ ပုတ်လျက်
  " အဲ့ဒီကောင်လေးကလေ တကယ်ကိုပဲ.....
သမီးလေး ,သူ့အတွက် အရမ်းစိတ်ပူမနေပါနဲ့။
အဖွား မြေးကြီးကို စုံစမ်းခိုင်းထားတယ်..မကြာခင်တော့ သတင်းရမှာပါ"

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now