Chapter 74

2.2K 355 5
                                    

ZAWGYI

Chapter 179: Who Said It's For You?

   ချူးလျန်က အခုမှ သိလိုက်တဲ့ပုံလို သရုပ်ဆောင်ပြလိုက်သည်။
    " အို ညီမ၈ ဆိုလိုတာက အမ ကျင်းရှီဆိုင်ကနေ ဝယ်ခဲ့တဲ့ အဲ့ဒီဆံထိုးကိုလား? အဲ့တာကကော ဘာများမှားနေလို့လဲ?"

   သခင်မလေးယွမ်လည်း ချူးလျန်က သူတို့သဘောတူညီမှုယူထားတာကို မေ့ဖို့ ကြိုးစားနေတာကို တွေ့၍ သူမလည်း ဝမ်လန်လက်ထဲက ဆံထိုးဗူးကို ယူပြီး ထုတ်ပြလိုက်သည်။

  " ဒီဆံထိုးကို အရင်ရွှေးတဲ့သူက ကျွန်မပဲလေ!"

   ချူးလျန် ခေါင်းငြိမ့်ပြလိုက်သည်။
   " မှန်တယ်လေ ညီမ၈ က အဲ့ဒီဆံထိုးကို အသေအချာကို ရွှေးခဲ့တာလေ"

   သခင်မလေးယွမ်အတွက်ကတော့ အခုလို ချူးလျန် ဝန်ခံလိုက်တာကြောင့် သူမအတွက် မျှော်လင့်ချက်ရောင်ခြည်တွေ ပြန်တောက်ပလာသည်။သို့ပေမယ့် ချူးလျန်ပြောတဲ့ နောက်စကားကတော့ သူမကို အံ့သြသွားစေပြီး စကားပင်မပြောနိုင် ဖြစ်သွားစေသည်။

   " ဒါပေမယ့် အမကသာ ငွေချေပေးလိုက်တဲ့သူလေ။ညီမ၈က ကိုယ်ကြိုက်တဲ့ပစ္စည်းက အလိုအလျောက် ကိုယ့်ပစ္စည်းဖြစ်လာမယ်လို့ ထင်နေရော့လား?မင်းက အရမ်းကို မိုက်မဲနေတာပဲ မဟုတ်လား?"

    ထိုအခြေနေက အတော်လေး ရှက်စရာဖြစ်နေပေမယ့်လည်း သခင်မလေးယွမ်ကတော့ ထိုဆံထိုးကို ရနိုင်မယ့်အခွင့်အရေးကို လက်လွတ်မခံပဲ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ် ရနိုင်အောင် ဆက်ပြီး ကြိုးစားလိုက်သည်။
   " ဒါပေမယ့် အမ၆က အမ၅ကိုကျတော့ အဲ့ဒီကျောက်စိမ်းလက်ကောက်ကို ပေးလိုက်တယ်လေ!"

  " အင်း ပေးလ်ုက်တယ်လေ။ ဒါပေမယ့် အမ မင်းကို ဒီဆံထိုးပေးမယ်လို့တော့ တခါမှ မတွေးမိခဲ့ဖူးဘူး။ အမ ပေးမယ်လို့ ပြောတာများ မင်းကြားမိလိုက်သေးလို့လား?"
ချူးလျန်က နောက်ဆုံးစကားပြောပြီးတာနဲ့ ရထားလုံးဆီ ဆက်လျှောက်သွားလိုက်သည်။

   အခုက ထိုယင်ညီအမတွေကို ကျောခိုင်းထားရတဲ့အတွက်ကြောင့် ချူးလျန်လည်း မပြုံးမိပဲ မနေနိုင်တော့ပေ။ဝမ်လန်နဲ့ ဝမ်ကျင်းတို့လည်း ထိုတော့မှာသာ စိတ်အေးအေး နေနိုင်တော့သည်။သူတို့ရင်ထဲမှာလည်း သူတို့ရဲ့သခင်မလေးကို လေးစားပြီးရင်း လေးစားသွားသည်။ဘယ်လိုတောင် ရိုက်ချနိုင်တဲ့ skill ကို သူတို့သခင်မလေး ပိုင်ဆိုင်ထားတာပါလိမ့်? စိတ်ကျေနပ်ဖို့ ကောင်းချက်ပဲ!

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now