Chapter17 မင်းစားဖို့ခွင့်မပြုနိုင်ဘူး

2.9K 421 7
                                    

<Unicode>

#Translated by Irisbellar
Ch. 17စားခွင့်မပြုခြင်း

ဟေးစန်းလန်ဆိုသည်မှာ လက်ဆက်တဲ့ ပါဝင်ပစ္စည်းတွေကြည့်ဖို့တောင် သူ့အတွက် အနှောက်အယှက်တစ်ခုလိုပါပဲ။ သူစိတ်မရှည်တဲ့ပုံနက် လဲ့ရွမ် ကို လက်ခါပြခဲ့သည်။ လဲ့ရွမ် လဲ ဟေးချန်ဆီမှာ ခစားခဲ့တာ နှစ်ပေါင်းကြာ နေပြီမိမို့ သူ့အရိပ်အကဲကို သိနေပြီးဖြစ်သည်။ သူအစေခံတို့ဘက် လှည့်ပြီး ပစ္စည်းတွေကို ဝန်းထဲက သူတို့စားဖိုဆောင်ထဲ ယူသွားရန် ညွှန်ကြားခဲ့သည်။

ဒီနေရာက စားဖိုဆောင်ကို သိပ်မသုံးဖြစ်ခဲ့ပေမယ့် အစေခံတွေက နေ့စဉ်သန့်ရှင်းရေး လုပ်ကြလို့ သန့်ရှင်းနေခဲ့ပါသည်။ နေ့တစ်ဝက်လောက် အိမ်တစ်အိမ်ဆီက သူတို့ရဲ့ ကိုယ်ပိုင် ဟင်းပွဲများကို ပြင်ဆင်ခဲ့ကြရသည်။

မီးဖိုချောင်သုံး ပစ္စည်းတွေအတွက် အမကျိုးက လုပ်သက်ကြာပြီဖြစ်တဲ့ အစေခံတွေကို ညတွင်းချင်း စေလွတ်ပြွီးတော့ သူတို့နှင့်အတူ ထင်းနှင့် မီးသွေးများပါ ထည့်ပေးခဲ့ပါသည်။

စာကြည့်ခန်းထဲတွင် အစားစာတင်စရာ ကြီးကြီးမားမား တစ်ခုမှ မရှိဘဲ စာရေးစားပွဲနှင့် အရံစားပွဲ နှစ်လုံးသာ ရှိသည်။ အစားစားတွေယူလာခဲ့တဲ့ အစေခံနှစ်ယောက်လဲ  ပန်းကန်တွေထားစရာ နေရာမရှိလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။

ဟေးချန်စာကြည့်ခန်းထဲ ဝင်လာချိန်မှာတော့, အစေခံနှစ်ယောက် အစားအစာ ဗန်းတွေ ကိုင်ထားပြီး ဒုက္ခရောက်နေတဲ့ မျက်နာတွေနှင့် ဖြစ်နေကြသည်။

အစေခံတစ်ယောက်လဲ မပြောရဲပြောရဲနှင့် ပြောလိုက်သည်။

" တတိယသခင်လေးရှင့်... ကျွန်မတို့ ဒီနေရာမှာ တကယ်ပဲ ညစာစားပွဲ ကျင်းပလို့မရနိုင်ပါဘူးရှင့်။ ပန်းကန်တွေကို ဧည့်ခန်းထဲမှာ ထားလိုက်ရမလားရှင့်??"

သူမပြောပြီးပြီးချင်းပဲ ဟေးချန်က စိတ်တိုစွာဖြင့်
မျက်မှောင်ကြုံ့ကြည့်ခဲ့သည်။ ထို့နောက် သူမကို ထွက်သွားခိုင်း လိုက်သည်။

အဆင့်နိမ့်တဲ့ အစေခံနှစ်ယောက်လဲ ကြောက်လန့်ရင်း တုန်တုန်ရိရီနှင့် အစားအသောက်တွေ အောက်ချပြီး တစ်စက္ကန့်မျှပင် မနေရဲ      ကြတော့ပေ။
သူတို့နောက်ကနေ သတ်တော့မယ့်ကျားကြီး လိုက်လာသလို အမြန်ဆုံးပြေးသွားခဲ့ကြသည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now