Chapter 71

2K 302 2
                                    

Ch. 71 ကိုယ့်သေတွင်း ကိုယ်တူးခြင်း
# Translated byIrisbellar

  ချူးလန်က ဟိုဘက်ခေတ်တက္ကသိုလ်မှာတုန်းက တရုတ်ရိုးရာဆေးပညာ အတန်း တက်ခဲ့ရဖူးသည်။ ထို့ကြောင့် ဆေးမြစ် အချို့ကို သူမ သိခဲ့လိုက်သည်။ နောက်ပိုင်းမှာတော့ သူမက တောနက်ထဲတွင် မည်သို့ အသက်ရှင်အောင် နေထိုင်ရကြောင်း ရေးသားထားတဲ့ စာအုပ် အချို့ကို ဖတ်လိုက်ရ၍ ထို ဆေးမြစ်တွေအကြောင်း ပိုသိလာခဲ့ရပါသည်။ အခုတော့ သူမ ဆေးဟောခန်းမ တစ်ပတ် လှည့်ပတ် ကြည့်ရှုနေခဲ့ပြီး အရည်အသွေး ကောင်း,မကောင်း စစ်ဆေးရန်  တစ်ချို့ကို နည်းနည်းပါးပါး နမ်းရှုံ့ ကြည့်လိုက်၏။

  ဟန်းရှန် ဆေးခန်းမ ရဲ့ လမ်းတစ်ဖက်ခြမ်းက ညာဘက် မျက်စောင်းထိုး နေရာမှာ မြို့တော်ရဲ့ နာမည် အကြီးဆုံး ရတနာဆိုင် ကျင်းရှီ ပြပွဲ ခန်းမ တည်ရှိပါသည်။

ဒီအချိန်တွင် အမျိုးသမီး ငယ်လေးတွေ တစ်ချို့ ကျင်းရှီရဲ့ ကောင်တာ ရှေ့မှာ မတ်တပ် ရပ်နေခ်ဲကြသည်။ သူမတို့ မျက်လုံးတွေက အရောင်လက်၍ တောက်ပနေကြပြီး အမျိုးသမီး ကြီးကြပ်သူကြီး(မန်နေဂျာ)က ပြပေးနေတဲ့ လက်ဝတ်တန်ဆာတွေကို ကြည့်ရှု့နေကြခြင်း ဖြစ်၏။ထို့ပြင် ဖြစ်နိုင်ခြေ ရှိတာကတော့ အစမ်းဝတ်ကြည့်ကြမည် ထင်ပါသည်။

ထိုအမျိုးသမီးတွေက ချူးလန်နဲ့ သူစိမ်းတွေ မဟုတ်ဘဲ ယင်အိမ်တော် ရဲ့ အစဉ်အဆက်သမီးမိန်းကလေးတွေပဲ ဖြစ်ကြ၏။

ပုံမှန်ကတော့ အိမ်က အစ်ကို ၂ ယောက်က သူတို့ကို အဖော်ပြု လိုက်ပို့ ပေးကြတာ ဖြစ်ပေမယ့်
ကျင်းရှီ ဆိုင်ရှေ့ ရောက်တဲ့ အချိန်မှာတော့ ညီမတွေ ရတနာဝယ်မှာကို မစောင့်နေချင်တာကြောင့် အကြောင်းတစ်ခု ပြပြီး ထွက်ခွာသွား လိုက်ကြသည်။

ဒီလိုဆိုတော့ ထိုဆိုင်မှာ မိန်းခလေး ငယ် ၂ ယောက်ပဲ ကျန်နေခဲ့ကြပြီး ရတနာတွေ အကြောင်း ဟက်ဟက်ပက်ပက် တိုင်ပင် ဆွေးနွေး နေခဲ့ကြလေသည်။

နံပတ်၅ မမလေးစုက စိမ်းစိုပြီး ဝင်းလက်တောက်ပနေတဲ့ ကျောက်စိမ်းလက်ကောက်လေးကို ကောက်ကိုင်လိုက်သည်။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now