Chapter 4 {1} လက်ဖက်ရည်အခမ်းနား

4.3K 578 12
                                    

ZAWGYI

4.1 Tea ceremony

    ကျင်းအန် အိမ်တော်ဟာ စစ်မှုထမ်းမိသားစုဖြစ်ပြီး ယခု မြို့စား၏ အဖိုးသည်လည်း နိုင်ငံ့ဂုဏ်ဆောင် စစ်ရေးခေါင်းဆောင် တစ်ဦ့းဖစ်
ခဲ့သည်။ မိသားစု၏ ကျော်ကြားမှုဟာ တဖြည်း
ဖြည်း ယိုယွင်းလာသော်လည်း လျော့တွက်၍တော့မရပေ။

ထို ကျင်းအန် မြို့စား အိမ်တော်ဟာ သာမန်စစ်မှုထမ်း များထက် အရည်အချင်းပိုရှိသည့်အတွက် ဘုရင်၏ ချီးမြှောက်မှုကိုလည်း ရထားသည်။ယခုလည်း ကာကွယ်ရေးစစ်သူကြီး
ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသည်။

   ကျင်းအန် အိမ်တော်ရဲ့ ပထမသားဖြစ်တဲ့ ,
ဟေးချန်ကျီ က အိမ်တော်ရဲ့ စီးပွားရေးကို ဆောင်ရွှက်သည်။ ဒုတိယသား, ဟေးချန်ဂျူ က
စစ်ဆင်ရေးအတွက် လက်ဝဲအကြံပေးအဖြစ်
နန်းတွင်းစစ်တပ်ထဲ၌ ထမ်းဆောင်သည်။
အငယ်ဆုံးဖြစ်တဲ့  ဟေးစန်းလန်-ဟေးချန်(ဒီ)
ကတော့ သူ့အဖေနဲ့ အကိုတွေဆီကနေ ငယ်စဉ်ထဲက ကိုယ်ခံပညာကို လေ့လာသင်ယူထားသည်။ သူလည်း မကြာမကြာ စစ်တပ်ထဲ သွားလေ့ရှိပြီး နာမည်ရပြီးသားလည်းဖြစ်သည်။

ကျင်းအန်အိမ်တော်ရှိ သခင်လေးများသည် သူတို့တသက်တာ၌ မိန်းမတယောက်သာ လက်ထပ်ခွင့်ရှိပြီး အကယ်၍ ထိုမိန်းမက အသက်၃၀ ရောက်တဲ့အထိ သားယောက်ျားလေး
မွေးမပေးနိုင်မှသာ နောက်တယောက်ကို လက်ထပ်နိုင်သည်။

  ကျင်းအန်အိမ်တော် ၏ ယခုမျိုးဆက်၌ အိမ်တော်ဆက်ခံသူ မရှ်သေးပေ။ ဟေးမိသားစုသည် သူတို့၏ ဆက်ခံသူမွေးတဲ့ ကံကောင်းခြင်းတွေအကုန်သုံးပြီးပြီလား ? အကြီးဆုံးသားသည် ဒမ်ရွမ် နယ်စား၏ မြေးမ အမျိုးသမီး
ကျောင်းနှင့် လက်ထပ်ခဲ့ပြီး သမီးမိန်းကလေး ၂ဦးသာဖွားမြင်ခဲ့သည်။ဟေးအားလန်{ဟေးချန်ဂျူ } ကျပြန်တော့လည်း အသက် ၂၄နှစ်ရှိပြီဖြစ်ပြီး နယ်စပ်ဒေသ၌သာ နေနေပြီး လက်ထပ်ဖို့အတွက်ကို အမြဲရှောင်နေတတ်ပြီး အိမ်တော်ကို အရေးကြီး ကိစ္စရှိမှသာ ပြန်လာတတ်သည်။  { ဟေးdalang = ပထမသား
ဟေးအားလန် =ဒုတိယသား }

  ဟေးချန်ကျီ လည်း သူ့ရဲ့ ညီငယ်လေးကို တွေ့ရင် ရိုက်သတ်ပစ်ချင်စိတ်ကို မနည်းထိန်းနေရသည်။ယခုလည်း ဟေးသခင်မကြီးက
ဘုရင်မင်းမြတ်ထံ အထူးလျှောက်တင်ပြီး ချူးအိမ်တော်နှင့် လက်ဆက်ရန် သူမရဲ့ သားချောလေး နှင့် ချူးလျန်ကို လက်ထပ်ပေးပြီးဖြစ်သည်။ဟေးသခင်မကြီးကတော့ သူမ၏ ဝဝကစ်ကစ်မြေးယောက်ျားလေးကိုသာ မျှော်ကိုးနေပြီး ဖြစ်သည်။သို့ပေမယ့် ပြန်လည်မွှေးဖွားလာတဲ့ ဟေးချန်ကတော့ သူ့အရင်ဘဝက သူ့ကို ဦးထုတ်စိမ်း ဆောင်းပေးတဲ့ မိန်းမနှင့်
ယုယုယယ ပေါင်းဖက်လိုစိတ်မရှိပေ။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now