Chapter 24 သတို့သမီးအမွေ

2.6K 427 1
                                    

ZAWGYI

# Translated by Irisbellar
ချူးလန် ခေါင်းငြိမ့်ပြခဲ့သည်။ အသေအချာပါပဲ။ သူမရဲ့ ယောက္ခမ ကို ရှေ့​လျောက် ပိုဂရုစိုက်တော့မည် ဖြစ်သည်။ သခင်မလဲ့နှင့် သိပ်မတွေ့ဖြစ်ခဲ့ပေမယ့်လဲ သူမက ရိုးသား ဖြောင့်မတ် ပြီး ကြင်နာ သနားတတ်တယ် ဆိုတာ ချူးလန် လုံးဝ ယုံကြည်ပါသည်။

သူမက ဖြူစင်တဲ့သူ မဟုတ်ခဲ့ရင် ဟေးသခင်မကြီး က သူမအဆောင်ကို ခနခနကိုယ်တိုင် သွားလည်ဖို့ ညွှန်ပေးခဲ့မှာမဟုတ်ဘူးလေ။ သခင်မကြီးကလည်း သူမကို အရမ်းဂရုစိုက်ပေးနေတော့..

ချူးလန်တို့နှစ်​ယောက် လမ်းလျှောက် ပြီးသွားတော့ ကျင်းချီ ခန်းမ ကို ပြန်လှည့်လာခဲ့ကြသည်။ အချိန်ကတော့ နေ့လည်စာ စားချိန်
ရောက်တော့မည် ဖြစ်သည်။

အထိန်းတော်လဲ့ လဲ သခင်မလေးနှစ်ယောက် ရောက်လာကြတာကို မြင်၍ အ​စေခံတွေကို အစားများ စတင်တည်ခင်းဖို့ ညွှန်ကြားလိုက်သည်။

အမကျိုးရဲ့ သမီးလေးနှစ်ယောက်ကိုလည်း
ကလေးထိန်းများဖြင့် ခေါ်လာစေခဲ့ပြီး အတူ ထိုင်ခိုင်းထားလိုက်သည်။အစေခံများ၏ အကူညီ ဖြင့် ဟေးသခင်မကြီးလဲ သူမနေရာ၌ အသာအယာ ထိုင်လိုက်သည်။

စားပွဲတစ်ခုလုံး ဟင်းပွဲများဖြင့် ပြည့်သွားခဲ့လေသည်။သို့ပေမယ့် ပျော်ရွှင်စရာ စားသောက်ပွဲ ဖြစ်နေပေမယ့်လဲ ဟေးသခင်မကြီးက သက်ပြင်းချ လိုက်သည်။

" ငါတို့ မိသားစုဝင် အမျိုးသမီး တွေအားလုံး တွေ့ရတယ်။ မင်းတို့ရဲ့အမေ ကလွဲရင်ပေါ့။ တကယ်လို့ သူမသာ ဒီမှာ အတူတူ ထိုင်နိုင်ခဲ့ရင်....."

သခင်မကြီးရဲ့ စကားအဆုံးမှာတော့ တစ်ဝိုင်းလုံးက တိတ်ဆိတ်ငြိမ်သက် သွားခဲ့ပါတော့သည်။ အစေခံလဲ့ လဲ  မပျော်ရွယ်ဖွယ် အခြေအနေကို သတိထားမိပြီး အလျင်အမြန် အကြောင်းအရာကို ​ပြောင်းပြောခဲ့လိုက်သည်။

" သခင်မကြီး.. ကြည့်ပါဦး ဒီနေ့ (hasma) ပါတယ်နော်"

{ Google ကရှာကြည့်တာတော့ Hasmaက
ဖားတွေရဲ့ အမမျိုးဥပြွန်အနားက အဆီခြောက် tissue တွေကနေ လုပ်ထားတဲ့ အချို ပွဲအဖြစ်စားရတဲ့ဟာမျိုးပါ .. ဈေးလည်းအရမ်းကြီးပါတယ်တဲ့ (×_×) }

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now