Chapter 6 {1} လျှိ့ဝှက်နည်းလမ်း

3.4K 532 8
                                    

ZAWGYI

Chapter 6;1: Secret Recipe (1)

အစေခံ လေးယောက်ဟာ ကိတ်မုန့်တခုစီယူပြီး ပါးစပ်ထဲသို့ ဂရုတစိုက် ထည့်လိုက်ကြသည်။သူတို့ပုံစံက ထိုကိတ်မုန့်လေးကို နမျှောတသ မစားရက်သကဲ့သို့ ဖြစ်နေပြီး အဖိုးတန်ရတနာကဲ့သို့ သေးသေးလေးသာကိုက်ကိုက်ပြီး ဂရုတစိုက် စားနေကြသည်။

မင်းယန်နှင့် ကျင်းယန် ဆိုလျှင် အသိစိတ်လွှတ်ပြီး ကောင်းကင်ကိုရောက်သလို ပင် ဖြစ်နေသည်။

ချူးလျန် သူတို့ကို ထူးဆန်းစွာ ကြည့်နေမိသည်။ သူမသာ ခုနက ထိုကိတ်ကို မမြည်းကြည့်ခဲ့လျှင် သူမရဲ့ အရသာခံဖုတွေ က တခုခု ဖြစ်နေပြီဟု ထင်မိမှာ သေချာသည်။

"ဘယ်လိုနေလဲ ? " ချူးလျန် တိတ်တဆိတ်
မေးလိုက်သည်။ သူမလည်း သူတို့ ရဲ့ ပျော်ရွှင်မှုတွေကို မနှောင့်ယှက်ချင်ပေ။

မင်ယန်လည်း သူမလက်မှာ ကပ်ကျန်နေတဲ့
သကြားတွေက်ု ယှပ်လိုက်ရင်း အဆက်မပြတ်ခေါင်းငြိမ့်ပြလာသည်။

" သခင်မလေး ဒါက အရမ်းစားကောင်းတယ်! "

ပြောပြီးတော့ ပန်းကန်ထဲက ကျန်နေတဲ့ မုန့်၂ခုကို ကြည့်နေပြီး တခုခု ပြောဖို့ ကျန်နေသေးသလို ။

ချူးလျန် ;........

သူတို့အားလုံး၏ အဖြေတွေကို ကြားပြီးတော့
ဒီမုန့်က သူတို့အတွက် အရမ်းစားကောင်းနေသည်မှာ အမှန်ဖြစ်၍ ချူးလျန် မျှော်လင့်ချက်ပျောက်ဆုံးသွားသလို ဖြစ်သွားသည်။

အသေအချာကို မဟုတ်ဘူးလေ ! ဒီမုန့်က သူရဲ့ ချို လွန်းတဲ့ အရသာနဲ့ တယောက်ယောက်ကိုတောင် သေစေနိုင်တယ်မလား ??

ဒီအစေခံတွေက သခင်တွေလောက်မစားရရင်တောင် သာမာန် ချမ်းသာတဲ့လူတွေလောက်တော့ စားရပါတယ် ။ မဟုတ်မှ ဒါကြီးက ဒီခေတ်ရဲ့ နတ်သုဒ္ဓါ လား ?

ရှီးယန် သူမ၏ သခင်မလေးရဲ့ပုံစံ လဲကျတော့မလိုဖြစ်နေပြီး မျက်ခုံး ၂ဖက်ကလည်း ပူးကပ်နေသည်ကို တွေ့လိုက်ရသည်။ချူးလျန် မပျော်မရွှင် ဖြစ်နေတယ်လို့ ထင်ပြီး အမြန်ပင်
" သခင်မလေး ကျွန်မတွေက သခင်မလေးကိုမျက်နာပျက်စေသလို ဖြစ်သွားလို့လား ? "

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now